Unicode
ဒိုးကလေးအတွက် အမှတ်တရများစွာ.....♥♥♥
ပထမဆုံး ကျေးဇူးတင်စကားပြောချင်ပါတယ်။
ကိုယ်နဲ့ထပ်တူ ကိုယ့်ဖန်တီးမှုလေးကို ချစ်ပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပြီး ချစ်ပါတယ်။ ကိုယ့်အဂျစ်တို့အားပေးမှုက ကိုယ်ရပ်တည်မှုပါပဲ။ ဘယ်တော့မှ မမေ့ပါဘူး။ စာရေးသူပေါက်စလေး ဘဝမှာလက်တွဲခဲ့ ချစ်ပေးတဲ့အတွက်ပိုပြီး အမှတ်ရနေမှာပါ။
ကိုယ်က ဘယ်ချိန်ထိပေါက်စဘဝမှာ နေပျော်အုံးမလဲ မသိပေမဲ့ အောင်မြင်တဲ့အထိ စာတွေရေးချင်တယ်။
ဘယ်နေရာမှာ ဘယ်လောက်အောင်မြင်ခဲ့ပါစေ.... စာရေးလို့အောင်မြင်ရတဲ့ဘဝကို လိုချင်မိတာကြောင့် အောင်မြင်မှုရသည်အထိဆက်လျှောက်ချင်ပါတယ်။
ကိုယ့်ကို လက်တွဲ မဖြုတ်ဘူးမှလား....ဟင်။ပြီးတော့ ဒိုးကလေးရဲ့အမှတ်တရတွေ ပြောပြချင်ပါတယ်။
မိုးကောင်းကင်နှင့်ကမ္ဘာမြေ ချစ်ခြင်းသက်သေကို ရေးနေတုန်းမှာ ဇာတ်မသိမ်းရသေးခင်မှာ ကိုယ်တွေးထားတဲ့ နာမည်နဲ့ fic တစ်ပုဒ်ကိုတွေ့လိုက်ရတယ်။ နာမည်ကြီး author ရဲ့ fic ဖြစ်နေတဲ့အတွက် ကိုယ်က နာမည်တွေပြောင်းပြီး ရေးခဲ့ရတယ်။ ဒိုးကလေးဖြစ်သွားရတယ်ပေါ့။ ဒိုးအတွက်မူလနာမည်က ဒိုး မဟုတ်ပါဘူး။ အခုတော့ ဒိုးဆိုတဲ့နာမည်ကို ပိုပြီးသဘောကျနေမိတယ်။
နောက်တစ်ချက်က ဒိုးက ကိုယ်ပထမဆုံးရေးဖို့ စဥ်းစားခဲ့တဲ့ ဇာတ်လမ်းပါ။
ဇာတ်အိမ်ကျယ်ပြီး.... ဇာတ်ကောင်စရိုက်တွေ ပီပြင်အောင်ရေးရမှာမို့ နောက်မှရေးခဲ့ရတဲ့ ဇာတ်လမ်းပါ။ဘဂျမ်းနဲ့ ငယ်ထွေးကိုရေးနေတုန်းပဲ ဒိုးကို ရေးရပါတော့တယ်။ ဘာကြောင့်ဆို ကိုယ်ပေးချင်တဲ့နာမည်လေးတူတာတွေ့ပြီး psycho ဝင်သွားလို့ပါ။ ဇာတ်လမ်းများ တူခဲ့ရင်ဆိုတဲ့အတွေးနဲ့ပေါ့။ နောက်မဆုတ်ချင်တော့ဘူးလေ။
မိုးကောင်းကင်နဲ့ဒိုးကို ပြိုင်ပြီးရေးနေချိန်မှာပဲ covid တတိယလှိုင်းမှာ သေပြီထင်ရတဲ့အထိ ဖြစ်ရပြန်ပါတယ်။ ရေးလက်စတွေ စွဲလမ်းတဲ့စိတ်ကြောင့် သေမယ်ဆိုလဲ မဖြောင့်ပါဘူး။ အပိုတွေလို့ ထင်ကြမလားပဲ။
မညာတတ်ပါဘူး။ ကိုယ် မညာတတ်ပါဘူး။တကယ်ပြောတာပါ နော်။ covid ဖြစ်တယ်.... သက်သာသွားတာနဲ့ စာရေးတော့တာပဲ.... ဒိုးကလေးရေးနေတုန်း နှစ်ခါ ထပ်ဖျားတယ်။ အခု ဒီစာကိုရေးနေရင်းပဲ ဆေးသောက်နေရတယ်။ ကိုယ့်အကျင့်ဆိုးက နေမကောင်းရင် အစာမဝင်ဘူး။ ပိုးသတ်ဆေးတွေသောက်ပြီး အစာမဝင်တော့ လူကမခံနိုင်ဘူးရယ်။ အိမ်ကလူတွေက နားခိုင်းနေတဲ့ကြားက စာကရေးမိနေပြန်တယ်။
Drama က ficထဲမှာပဲရှိတာမဟုတ်ဘူး.... ရေးတဲ့လူကလဲ စာဖတ်သူကို ကပ်ချွဲတာနော်😁
ပြောပြတာပါ.... ကိုယ် မင်းတို့ကို တကယ်ချစ်တဲ့အကြောင်းလေးပေါ့။
.
.
KAMU SEDANG MEMBACA
ဒိုးကလေး
Romansaနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။