Unicode
တကယ်အလုပ်များတဲ့နေ့မှာ ဒိုး လိုက်လာမိတာမို့ အန်တီကအားနာနေတယ်။
ဒိုးကို ကောင်းကောင်းဧည့်မခံရလို့ဆိုပြီး တတွတ်တွတ်။"ဒိုးရေ.... ပျင်းနေပြီလား"
ဒိုး အနားမှာလာထိုင်ရင်းပြောတယ်။
"အန်တီ.... ဒိုးကရပါတယ်.... အန်တီ အလုပ်များနေတာကို.... ဧည့်သည်မှ မဟုတ်တာ....ဒိုးကိုအားမနာပါနဲ့"
"ပြီးပြီ... ဒိုးရဲ့.... ခဏတော့ နားလိုက်ဦးမယ်.... ဒီနေ့မှ အလုပ်တွေများလိုက်တာဆိုတာ.... တစ်နေကုန် အကြောတွေတက်''
"ငြိမ်း ပါလာရင် အန်တီအလုပ်ကောင်းကောင်းမလုပ်ရဘူးထင်တယ်... နောက်ဆို ငြိမ်း အိမ်မှာပဲနေပါစေ အန်တီရယ်"
"အမ်မလေး.... ဒါလေးတော့ ခွင့်ပြုပါ.... ငြိမ်းက သူ့ဘာသူနေနေတာပါ.... အလုပ်များရင် သူက ငြိမ်ပြီးထိုင်နေပေးတာ... ကောင်မလေးတွေလဲ ငြိမ်းကိုချစ်ကြတော့ သူတို့လက်ထဲပဲနေတာများတယ်... ငြိမ်းအတွက် မပင်ပန်းရပါဘူး ဒိုးရဲ့"
''အန်တီ.... အရမ်းနာနေလား.... ဒိုးနှိပ်ပေးရမလား''
''ရပါတယ်....ဒိုးရယ်.... ဒီလိုပဲ ခဏနားလိုက်သက်သာပါတယ်.... ''
.
.
.ကိုလင်းရိပ် အပေါ်ထပ်ကပန်းထိမ်ခန်းကိုတက်သွားတယ်။ ဒိုးက သူ အတင်းကြီး အနားကပ်နေတော့မနေတတ်တော့တာနဲ့ မရှိရင်ရှိတဲ့အလုပ်ရှာလုပ်လို့ပြောလိုက်လို့အပေါ်ကိုတက်သွားတာ။
"အန်တီ.... ဒါလေးတွေက.... ဘယ်သူလုပ်ပေးလဲ"
"အော်.... ဒီဇိုင်းတွေလား.... တစ်ခါတစ်လေ လင်းရိပ်လုပ်ပေးတယ်.... ဒီဇိုင်းက ဒီမှာမရှိဘူး.... စက်ရုံဘက်မှာလေ ဒိုးရဲ့... ပန်းထိမ်လဲ ဟိုဘက်မှာပိုပြီးလုပ်ကြတာ.... စက်ပန်းထိမ်ရော လက်ပန်းထိမ်ရော စက်ရုံဘက်မှာပဲ... ဒီကပန်းထိမ်က လက်တိုင်းလေးပြင်တာတို့ အရောင်တင်တာတို့... ပြန်ရောင်းတဲ့ပစ္စည်းစစ်တာတို့အတွက်ပဲထားတာ... ဘာလဲ... ဒိုး စိတ်ဝင်စားလို့လား"
"ဟို.... ပန်းချီလိုပဲ အရမ်းလှတယ်...အနုစိတ်ဆွဲထားတာ"
"ဟုတ်တယ်.... ဒီဇိုင်းအသစ်တွေလေ.... ကျောက်ရွေးရင် အန်တီကြည့်ဖို့ ကူးထားတာ"

YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။