Unicode
နောက်တစ်နေ့မနက်မှာ... လင်းထည်တစ်ယောက် ဒိုးအခန်းရှေ့မှာ ချိတုန်ချတုန်နဲ့ ရပ်နေတယ်။
တံခါးခေါက်မယ်ပြင်ပြီးမှ.... လက်ကို ပြန်ချလိုက်.... ပြန်ပြီးတံခါးခေါက်မယ်လုပ်လိုက်နဲ့ တစ်ယောက်ထဲဗျာများနေတယ်။ ဒိုးအခန်းကို ကိစ္စရှိရင်ဝင်နေကျပေမဲ့...အခုလိုမျိုး လင်းရိပ်ပျောက်နေလို့ ဒီအခန်းထဲမှာလားလို့ဝင်မေးရတာတော့မကောင်းဘူးလေ။ အပေါ်ထပ်မှာလဲမရှိ အောက်ထပ်မှာလဲမရှိနေတော့ ကလေးကိုအကြောင်းပြပြီးဝင်သလားလို့ပဲတွေးနေမိလို့။ ဒင်းကိုယုံကိုမယုံတာ။
မနက် ခုနှစ်နာရီကျော်ပြီ။
ခါတိုင်းဆို ဒိုးက ဒီအချိန်ထိမအိပ်ဘူး။
အခု ဘယ်လိုဖြစ်လဲတော့မသိဘူး.... အခန်းထဲကထွက်မလာဘူး။
နောက်ပြီးတော့.... ဟိုအကွေးကောင်သူ့အခန်းထဲမှာ မရှိဘူးဆိုတာအန္တရာယ်များတယ်။ ဒိုး အခန်းထဲများရောက်နေတာလားလို့ တွေးပြီးလန့်နေရတယ်။
ဒီကောင်က ယုံရတာမဟုတ်ဘူး.... သူဖြစ်ချင်ရင် ဇွတ်ကြီးလေ။ဖုန်းကိုပဲ ထပ်ခေါ်ကြည့်ပြန်တယ်။
လင်းရိပ်အခန်းထဲက ဖုန်းမြည်သံကို ဒိုးတို့အခန်းဘက်ကလုံးဝမကြားရဘူး။ အခန်းတွေကအသံလုံနေလို့။ ဒါနဲ့ပဲ လင်းထည်တစ်ယောက် ဒိုးတို့သားအဖ အခန်းရှေ့မှာ ယောင်လည်လည်ဖြစ်နေတာ။ မနက်စာစားချိန်ရောက်နေတာကို မနိုးသေးတာ ဟုတ်ရောဟုတ်သေးရဲ့လားပေါ့။အဲ့အချိန် အခန်းထဲမှာ ဖြစ်ပျက်နေတာက....
"ကိုလင်းရိပ်ရေ.... ထ....ထတော့....မိုးလင်းနေပြီ...အား....ကျွတ်....ကျွတ်"
ဒိုးကိုဖက်အိပ်ထားတာကြောင့် ဒိုးလဲ ထလို့မရဘူး။
တစ်ကိုယ်လုံးလဲ ကိုင်ရိုက်ခံထားရသလိုပဲ။
သူဖက်ထားတော့ ပိုဆိုးတယ်။
ငြိမ်းလဲ နိုးတော့မှာကို... လူကြီးတွေက အရင်အိပ်ယာထမှ ဖြစ်မှာပေါ့။"ကိုလင်းရိပ်....ကျွတ်....ကျွတ်....ကိုလင်းရိပ်ရေ"
"အင်း....."
"ထ...ထတော့လေ"
မျက်လုံးကို ဖွင့်ကြည့်တယ်.... ချက်ချင်းပြန်မှိတ်သွားတယ်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။