part(28)

25.2K 2.5K 227
                                    

Unicode

လင်းရိပ်ထင်... လင်းရိပ်ထင်... ပြန်လာပြီ။
နေရာမှာပင်ရပ်ပြီးကြောင်ငေးနေသော ဒိုး အနားသို့ သူရောက်လာသည်။

"ဘယ်သူလဲ..."

ဒိုးကိုလက်ညှိုးထိုးကာ မျက်ခုံးတစ်ဖက်ပင့်ပြပြီးမေးတယ်။

"....."

ဒိုးကိုမေးနေပေမဲ့ ဒိုး ပြန်မဖြေနိုင်သေး။

ငြိမ်း....  ငြိမ်း...နဲ့တူလွန်းလို့လေ... အံ့သြပြီးတွေငေးနေမိတာ။ သူတို့ပြောလဲ ပြောချင်စရာ... တော်တော်လေးကိုတူသည်။ တူတာမှ DNA ထပ်စစ်စရာမလိုအောင်ကိုတူပါသည်။ လူကိုကြည့်ပုံ.... အကြည့်နဲ့စူးစမ်းတတ်ပုံ... တည်တည်စူးစူးကြည့်ပုံ.... စကားပြောရင်ပြုံးသလိုလိုဖြစ်သွားသောပုံ။
.
.
.

"ကိုလေးလင်းရိပ်... ဟို အဲ့ဒါ အန်တီနဲ့ကိုလေးလင်းထည်ရဲ့ဧည့်သည်ပါ"

ဘေးနားက အေးသက်လို့ခေါ်တဲ့ကလေးမက သူ့အိတ်တွေကူသယ်ရင်းအနားရောက်လာပြီး ဒိုးအစားဝင်ပြောပေးသည်။ ဒိုးမှာတော့ ကြက်သေသေနေတယ်ပဲပြောရမယ်... နေရာကနေမရွှေ့ဘဲငေးငိုင်နေတာ။

"အော်...အင်း...အင်း...ဒေါ်ကြီးမြရော...အေးသက်"

"ဟုတ်...ကြီးဒေါ်ရွာကိုပြန်သွားတာကြာပါပြီ ကိုလေးလင်းရိပ်... အရင်လူအဟောင်းဆို အေးသက်ပဲရှိတော့တယ်... ကျန်တာအသစ်တွေပဲ"

"အင်း...အင်း... ငါ့ကိုရေပေးပါဦး"

ပြောရင်း ဆိုဖာမှာဝင်ထိုင်သည်။ သူ့အိမ်သူ့ယာလိုပင် သက်တောင့်သက်သာနှင့်ထိုင်သည်။ သြော်လေ.... ဒိုးဘာတွေတွေးမိနေတာပါလိမ့်။ ဒါ သူ့အိမ်ပဲလေ။

"ထိုင်လေ...ထိုင်ပါ"

ဒိုးကို လှည့်ကြည့်ပြီး ခပ်အေးအေးပြော​သေးသည်။
ယောင်ရမ်းပြီး ဒိုးလဲ ခုံမှာထိုင်မိသည်။
သူ ဒိုးကိုစိုက်ကြည့်နေတာသိပေမဲ့ သူ့ကို မကြည့်ရဲသေး... လန့်ပြီးတုန်နေတဲ့ ရင်ကထိန်းမရ... စိတ်ကလဲ မတည်ငြိမ်... ရင်ထဲမှာ ငြိမ်းနဲ့ဒီလောက်ထိတူတာကို ဘဝင်မကျတာရော... ထင်မှတ်မထားချိန်တွေ့လိုက်ရတာရော... စိတ်ကသိကအောင့်ဖြစ်တာရော... လန့်သွားတာရောပေါင်းပြီး ဗြောင်းဆန်နေသည်။
.
.
.

ဒိုးကလေးWhere stories live. Discover now