part(23)

24K 2.4K 48
                                    

Unicode

ဒိုးတို့ရွာကလဲ သိပ်တော့ဝေးလှသည်မဟုတ်။
​လေးဆယ့်ငါးမိနစ်ခန့်မောင်းလာရုံနဲ့ပဲရောက်နေပြီ။
ကြီးကြီးတို့ရွာနဲ့ဆို ပိုတောင်နီးသေးတာပဲ။
တကယ်ဆို မဝေးသောနေရာတွေမှာ ဝေးနေကြတဲ့ဘဝတွေပါလားလို့ တွေးမိပြီး လင်းထည်စိတ်မကောင်းပါ။

ဒိုးတို့ နေထိုင်ရာအိမ်လေးက သေးသေးလေးပါပဲ။
ဒေါ်ရွှေတို့ခြံဝိုင်းရဲ့နောက်ဘက်လေးမှာသေးသေးလေးပဲဆောက်ထားခြင်းဖြစ်သည်။

ဒိုးက လင်းထည်ကို လာပါလို့လဲလုံးဝမခေါ်ပါ။
ငြိမ်းကိုချီရင်း ရှေ့ကနေသွက်သွက်လျှောက်သွားနေသူနောက်ကို လိုက်ရသည်။ သူ့အဖေပခုံးပေါ်မှကျော်ကာ လင်းထည်ကိုကြည့်ရင်း
ပြုံးပြနေတဲ့...  ငြိမ်းကိုမြင်တော့ လင်းထည်မပြုံးဘဲမနေနိုင်တော့။

တကယ်ကို လင်းရိပ်မှ လင်းရိပ်ပါပဲ။
လင်းထည် လင်းရိပ်ကိုသတိရလွန်းလို့ ပြေးသာခေါ်လိုက်ချင်သည်။
မသိရင် မိတ္တူကူးထားသလို တူလှသည်။
အပြုံးကအစ လင်းရိပ်အပြုံးပဲ။
အမြဲတည်တည်နေတတ်သူပြုံးတဲ့အပြုံးက ငေးကြည့်မိအောင်လှသည်လေ။

အိမ်လေးက လူတက်လိုက်တာနဲ့တကျီကျီနဲ့ဖြစ်နေတော့သည်။ ဒိုးက အရပ်မပုပေမဲ့ ခန္ဓာကိုယ်ကပိန်ပါးပါးလေးရယ်ပါ။
ဒိုးတို့သားအဖတက်သွားတာပင် အိမ်လေးကတသိမ့်သိမ့်ဆိုတော့ လူကောင်အားဖြင့် ဒိုးထက်ကြီးသူ လင်းထည်မှာအိမ်လေးပေါ်တက်ရကောင်းနိုး မတက်ရကောင်းနိုးဖြစ်နေတော့သည်။ အိမ်ကျိုးကျသွားရင် ငါ့ကိုသတ်မယ်ဆိုတာ သေချာနေတဲ့စိတ်နဲ့ အိမ်လေးရဲ့အဝကနေလှမ်းကြည့်နေရသည်။ အိမ်ရှင်ဖြစ်သူ ဒိုးကခေါ်ကိုမခေါ်ပါ။

"ဦးဦး...လာပါလား.."

စိတ်မချလက်မချနဲ့ခေါ်ပြီး ဧည့်ဝတ်ကျေချင်နေသူက ငြိမ်းပါပဲ။

"လာလို့ရလား...ဟင်...ငြိမ်း"

ငြိမ်းကပြုံးပြီးခေါင်းညိတ်ပြတယ်။

"မရဘူး....မတက်လာနဲ့...ပြော...ခင်ဗျားပြောချင်တာဘာလဲ.. မြန်မြန်ပြော...ကျွန်တော် မနက်က အစောကြီးထပြီး အလှူကိုကူလုပ်ခဲ့ရတာ ပင်ပန်းနေပြီ... ပြောပြီးရင်ပြန်"

ဒိုးကလေးWhere stories live. Discover now