part(52)

31.8K 2.5K 237
                                    

Unicode

ဒိုးအနားကနေ မခွာဘူး။
ဒိုးရဲ့လက်ကိုလဲ မလွှတ်ဘူး။
ဒိုး.... သတိရတာ တစ်နာရီလောက်ရှိပါပြီ။
အန်တီလဲ စိတ်ပူပူ မျက်နှာပျက်ပျက်နဲ့ပဲ ဒိုးကို နားဖို့တဖွဖွပြောတယ်။
အေးသက်လဲ ငိုတာ တရှုံ့ရှုံ့... သူ့မျက်စိရှေ့တင်ဖြစ်သွားတာကို တွေးပြီးကြောက်လို့မဆုံးဘူး။ ကိုလေးဒိုးရယ် တော်ပါသေးရဲ့လို့ပြောချည်းငိုနေတာ။

ငြိမ်းကို အေးသက်နဲ့အန်တီကချော့ပြီးအောက်ထပ်ကိုခေါ်သွားတယ်။
ငြိမ်းက သူ့ပါပါးနားကမခွာချင်ရှာဘူး။
ဒိုးက လိုက်သွားပါလို့ပြောမှလိုက်တယ်။ ငြိမ်းလဲ သူ့ပါပါးကိုစိတ်ပူရကောင်းမှန်းသိနေတာ။
.
.
.

သူက... ဒိုးကို မျက်တောင်မခတ်တမ်းကြည့်နေတယ်။ မခတ်ဆို တကယ်မခတ်တာလားတောင်မသိ။ စူးစိုက်ပြီးကြည့်နေတော့တာ.... ခုနှစ်ဘဝလောက်ကလွမ်းရသူလို။

''ဒိုး....''

"အင်း.... ကိုလင်းရိပ်... ဘယ်ချိန်ပြန်ရောက်လာတာလဲ"

"ကိုယ်...ညနေက...ရောက်တာ... စကားမပြောနဲ့လေ... ဒိုး... မင်း မောနေသေးလား... ဟင်"

"သက်သာပါပြီ.... ရေသောက်ချင်တယ်"

"ကိုယ် ရေယူပေးမယ်.... လှဲနေနော်"

ပြောပြီး ရေထယူပေးတယ်။
ဒိုးက လက်ကိုအားပြုပြီး ကုတင်ပေါ်က ထဖို့ပြင်တယ်။

"ဒိုး.... မထနဲ့လေ.... လှဲနေပါဦး...ကိုယ်တိုက်မှာပေါ့"

"မှီပြီး ထိုင်လိုက်မယ်လေ"

"အင်း....အဲ့လို လုပ်မလား... ကိုယ်ထူပေးမယ်...ခဏလေး"

လက်ထဲကရေခွက်ကိုချပြီး ဒိုးကိုထူပေးတယ်။
ဒိုး ကျောနောက်ကို ခေါင်းအုံးလေးခုပေးတယ်။
သူတစ်ယောက်မျက်နှာပျက်ပြီးပျာယာခတ်နေတာသိပေမဲ့ ဒီတစ်ခါတော့သူ့ကိုနားလည်ပေးနိုင်သလိုလိုခံစားချက်ပဲရှိတယ်။ ဒိုး သူ့ကိုကြည့်ကာ မဆူမငေါက်ချင်ဘူး။

ထိုင်လိုက်တော့ ဟာတာတာလိုပဲ ဒိုးစိတ်ထဲမှာ.... အောက်ကိုငုံ့ကြည့်မိတော့..... ဟင်.... အဝတ်တွေလဲထားတယ်.... ဒိုး အလန့်တကြားနဲ့ ကိုယ့်ရင်ဘတ်ကို ကိုယ်စမ်းမိပြန်တယ်.... ဟာ... ဒုက္ခပဲ.... တကယ့်ကိုဟာနေတာပါလား။ အတွင်းဝတ်ကို​ပြန်ဝတ်ပေးမထားတာ ဘယ်သူလဲ။ ဘယ်သူလဲ ဘယ်သူက ဒိုးကို အဝတ်တွေကို လဲပေးထားတာလဲ.... ဒိုးငိုချင်လာပြီ။

ဒိုးကလေးWhere stories live. Discover now