part(20)

27.4K 2.4K 44
                                    

Unicode

လင်းထည်လဲ အရမ်းကိုအံသြနေမိသည်။
တီလေးက အတော်ကိုမျက်နှာပျက်သည်။ မျက်နှာပျက်ရုံမကသေး ငိုပါငိုနေသည်လေ။ ရှင်းရှင်းပြောရလျှင် တီလေးသည် အိန္ဒြေကြီးသူပါ။
ဘယ်သောအခါမှ လှုပ်လှုပ်ရှားရှားပျက်ပျက်ယွင်းယွင်းမရှိခဲ့။
သားနှစ်ယောက်နှင့်အတူအလုပ်ကို ဦး​ဆောင်သည့်အချိန်တွင် ပိုပြီးတည်ငြိမ်အောင်နေခဲ့သည့်သူပါ။ ခုတော့...မျက်ရည်လည်ရွှဲနဲ့...ကလေးမငယ်လေးတစ်ယောက်နဲ့ တစ်ခါမှမတွေ့ဖူးသည့်လူငယ်တစ်ယောက်ကို တောင်းပန်နေသည်။
ကြီးကြီးကတော့ဒီမြင်ကွင်းကို မထူးဆန်းသလိုပါပဲ။

လင်းထည်....ထိုတစ်ယောက်ကိုကြည့်ရင်း တစ်ခုခုကိုသိလာသလိုပါပဲ။
လင်းရိပ်ပြန်ရောက်လာတော့မည်။
မကြာခင် လင်းရိပ်ပြန်ရောက်လာပေတော့မည်။
လေးနှစ်နီးပါးတည်ငြိမ်ခဲ့သော အကြောင်းအရာသည်လင်းရိပ်ပြန်လာတော့မှ လှုပ်ခတ်စပြုပြီလားမသိ။ ဘယ်လိုအကြောင်းတွေပါလိမ့်။
.
.
.

"ဟို....ရပါတယ် အန်တီ...ကျွန်တော်တို့က လူတွေအများကြီးလာကြတာပါ...ပြန်ဖို့လဲ ကားရှိပါတယ်...ငြိမ်း...ပြန်ကြမယ်လေ"

သူလဲ တတ်နိုင်သမျှထိန်းပြီး ပြောနေရပုံပေါ်သည်။
လက်ဖျားလေးတွေတစ်ဆတ်ဆတ်တုန်နေတာကို လက်သီးလေးဆုပ်လိုက် ဖြည်လိုက်လုပ်ပြီး ထိန်းနေသည်။ လေသံကိုအတတ်နိုင်ဆုံးထိန်းပေမဲ့ တုန်ခိုက်နေရှာတာပါ။

"ပါပါး... ငြိမ်းတို့ ထက်ထက်နဲ့ ခဏနေလို့မရဘူးလား"

တီလေးရင်ခွင်ထဲမှ ကလေးရဲ့ သနားသဖွယ်တောင်းဆိုသံလေး။

ဟုတ်ပါတယ်....ဒီကလေးဟာ လင်းရိပ်မှလင်းရိပ်ပါပဲ။ တော်တော်ကိုတူသည်...အသားကပိုဖြူပြီး ဆံပင်ခွေလေးတွေ ရှိတာကလွဲရင် ဒီကလေးရဲ့မျက်နှာအစိတ်အပိုင်းများအားလုံးဟာ လင်းရိပ်နှင့် ချွတ်စွပ်တူလွန်းသည်။
မသိရင် လင်းရိပ်မွေးထားသည့်နှယ်... လင်းရိပ်ရဲ့ ကလေးလို့သေချာပေါက်ထင်ချင်စရာကောင်းသည်။

ဟာ...
လင်းထည် သိပါပြီ။
ရှုပ်ထွေးနေသော အကြောင်းအရာ... ထိုအကြောင်းအရာကို လင်းထည်ရှင်းလင်းစွာသိလိုက်ပါပြီ။

ဒိုးကလေးWhere stories live. Discover now