Unicode
အလုပ်ကိုလာသာလာခဲ့ရတာ။
လင်းရိပ်က ဒိုးကို တကယ်စိတ်မချပါဘူး။
တကယ်ပြောတာ.... ဒိုးကိုနာကျင်စေဖို့လုံးဝမရည်ရွယ်ဘူး။ ဒီအခြေအနေထိရောက်အောင်လဲ ကြိုတင်ကြံစည်ထားခဲ့တာလဲမဟုတ်ပါဘူး။
ချစ်လွန်းလို့ မထိန်းနိုင်ဖြစ်သွားရတာ။
အရမ်းကို ချစ်လွန်းလို့ဖြစ်သွားရတာပါ။ပြီးတာ့..... ဒိုးက ဘယ်လိုဆွဲဆောင်မှုရှိသလဲ။
ဒိုးရဲ့ဆွဲဆောင်မှုဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ လင်းရိပ်ထက်ပိုပြီး ဘယ်သူကများ သိနိုင်မှာလဲ။.ဒိုးက လူကိုနည်းမျိုးစုံနဲ့ကျရှုံးစေတယ်လေ။နေ့လည်ထမင်းစားချိန်ရောက်မှ ပိုးသားကိုလဲသွားချင်တဲ့နေရာလေးတွေ လိုက်ပို့ဖို့သတိရတယ်။
ဘာပဲဖြစ်ဖြစ် pro ဆန်ဆန်တွေးပေးတတ်တာကို ကျေးဇူးတင်ရတယ်လေ။ ပိုးသားအတွက်လဲ ခက်ခဲတာရှိမှာပါပဲ.... ပိုးသားဘက်ကိုထည့်မတွေးပေးတာတော့မဟုတ်ပေမဲ့.... ဒိုးကို လုံးဝမခွဲနိုင်တာမို့ ရွေးချယ်စရာမရှိဘူး။
ချစ်သူဆိုတဲ့ခေါင်းစဥ်အောက်မှာ အတူရှိခဲ့ဖူးတဲ့သူ။
ဘဝရဲ့ လက်တွဲဖော်အဖြစ်တောင် တွေးဖူးကြတဲ့သူတွေ။
လင်းရိပ်က ပိုးသားကိုချစ်သူဆိုပေမဲ့ ဘယ်လိုအဆင့်မျိုးမှကျော်ခဲ့သူမဟုတ်ဘူး။ ဒါကို ပိုးသားက နားလည်တယ်။ ရှင်းရှင်းပြောရရင် ချစ်သူဆိုတဲ့ခေါင်းစဥ်အောက်မှာ လုပ်လို့ရတဲ့အရာတွေ အများကြီးပါ။ ပြီးတော့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကြားမှာ အားလုံးကိုလွယ်ကူစွာလုပ်လို့ရသလို လွယ်ကူစွာလဲမေ့ပျောက်လို့ရနေတာပဲ။ သူတို့အတွက် မထူးဆန်းပေမဲ့.... လင်းရိပ်နဲ့ပိုးသားကတော့ ထူးဆန်းစွာပဲ ချစ်သူဆိုသောခေါင်းစဥ်အောက်မှာ မောင်နှမလို သူငယ်ချင်းလိုပဲ နေခဲ့ကြသူတွေပါ။တကယ်တော့ လင်းရိပ်ကဒါတွေကို လိုကိုမလိုအပ်ခဲ့တာ။ ဒိုးနဲ့မထိန်းချုပ်နိုင်သမျှတွေဟာ ဒိုးမဟုတ်ရင်ဘယ်သူနဲ့မှဖြစ်လို့မရတာတွေပါ။ ဒိုးကိုချစ်မိတဲ့အကြောင်း ပိုးသားကိုပြောပြတဲ့အခါ ပိုးသားကအလွယ်တကူလက်ခံပေးခဲ့တာအခြားကြောင့်တော့မဟုတ်ဘူး။ လင်းရိပ်က ဒိုးကိုချစ်ကြောင်းပြောပြတဲ့အမူအယာတွေကြောင့်ပါတဲ့။ ဒိုးအကြောင်းပြောပြရရင် လင်းရိပ်ရင်ဘတ်ထဲက ဒိုးအပေါ်ချစ်တဲ့အချစ်တွေလျှံကျမတတ်ဖြစ်မိတာတော့ ဘေးလူရိပ်မိရတဲ့အထိပေါ့လေ။
.
.
.

YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။