Unicode
ကြည်ပြာ ဒီရက်ပိုင်းစိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရသည်။ အရာရာမေ့ပစ်လိုက်ဖို့လဲ ကြိုးစားနေရသည်။ ဘဝမှာ တစ်ခါလေးပဲရင်ခုန်မိသည့် အချိန်မှာမှ...ကြည်ပြာ ကံဆိုးပြန်လေသည်။
အဲ့ညကကြုံတွေ့ရတဲ့ အိမ်မက်ဆိုးကို အကြောက်ကြီးကြောက်နေမိသည်။
ဒါပေမဲ့....သူပါပဲ။
သူ့ကိုပဲ ကြည်ပြာ ရင်ခုန်မိခဲ့တာသေချာပါသည်။
ထို အိမ်မက်ဆိုးကိုလဲ သူ ဆိုတဲ့အသိတစ်ချက်နဲ့ပဲ ကြည်ပြာဖြတ်ကျော်ခဲ့ရတာကိုယ်တိုင်ပဲသိသည်။ဝမ်းနည်းရဆုံးအကြောင်းမှာ...ကြည်ပြာကိုယ်တိုင်သူ့နာမည်ကလွဲပြီး ဘာမှမသိခဲ့ရသလို....ထို လင်းရိပ်ထင်ဟူသော လူသည်လဲကြည်ပြာဆိုသောမိန်းကလေးကို မှတ်မိလိမ့်မည်မထင်ပါ။
ကြည်ပြာ အလုပ်ကိုပဲ မြန်မြန်ရှာမည်။
ကြည်ပြာရသည့်ဘွဲ့က စီးပွားရေးဖြစ်တော့.... အလုပ်လျှောက်ရအဆင်ပြေမည်ထင်ပါသည်။
ဒါ့အပြင် ကြည်ပြာ စီမံခန့်ခွဲမှုဒီပလိုမာတွေလဲတက်ထားခဲ့ပြီးသားပါ။ဒိုးကလေးကတော့ နေ့စဥ်သိုးမွှေးထည်လေးတွေထိုးနေမြဲ။
ဒိုးက သိုးမွှေးထိုးတာ အရမ်းလှတော့...ကြည်ပြာ က ဒိုးထိုးပေးတဲ့ ခေါင်းစွပ် ပဝါ အင်္ကျီလေးတွေကို ကျောင်းကိုဝတ်သွားတတ်သည်။
ကြည်ပြာ သူငယ်ချင်းတွေက ဒိုးလက်ရာသဘောကျတော့ catalogue ပြပြီးထိုးခိုင်းတတ်ကြသည်။
ဒါကြောင့်...ဒိုးမှာလဲဝင်ငွေရှိသည်။
သို့သော်...အလုပ်ကိုပဲ မြန်မြန်ရှာဖို့ ကြည်ပြာ ကြိုးစားပါသည်။.
.
.
.
နှစ်လခန့်ကြာခဲ့ပြီ။ အလုပ်ကတော့ရှာဖွေဆဲပင်။
ကြည်ပြာကအလုပ်တစ်ခုကို သေသေချာချာစေ့စေ့စပ်စပ်ရွေးချယ်နေတာကြောင့် အလုပ်ရှာရတာအနည်းငယ်တော့ခက်သည်။
ကြည်ပြာရသောဘွဲ့နှင့်ကိုက်ညီပြီး...ရေရှည်အလုပ်လုပ်နိုင်သည့် ကုမ္ပဏီမျိုးကိုပဲရွေးချင်သည်။
မိမိလို ဘွဲ့တစ်ခုကိုင်ပြီး အလုပ်စလုပ်ရသောအလုပ်သင်တစ်ယောက်အတွက် ပညာရနိုင်သည့်အလုပ်မျိုးလဲ ဖြစ်ချင်သေးသည်။ ဒါကြောင့် အလုပ်ကိုစိစစ်နေတာ။"မမ"
ကြည်ပြာတစ်ယောက် အလုပ်ရှာဖွေရေးစာစောင်တွေနဲ့အလုပ်ရှုပ်နေတုန်း...ဒိုးက အနားရောက်လာတယ်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။