♥ထိုအချိန်မှစ.... တို့နှစ်ယောက်သည်♥

8.9K 511 66
                                    

Special Extra Gift♥
.
.
.

Unicode

''ဟေ့ကောင်ကြီး..... ထတော့ကွ.... နေက မင်းဖင်နားရောက်နေပြီ''

ဒေါက်.... ဒေါက်..... ဒေါက်.....

''ဟေ့ရောင်.... လင်းရိပ်.... ''

''လင်းရိပ်ရေ.... ထတော့ကွ...''

တံခါးခေါက်သံနှင့်အတူ ဆူညံနေသောလူသံတွေက ဒိုးတို့သားအဖရဲ့အခန်းဝမှာ။
အောက်ထပ်မှာ အန်တီနဲ့အတူမနက်စာစားပြီး ဘုရားခန်းသန့်ရှင်းရေးဝင်လုပ်နေတဲ့ ဒိုးက ထိုဆူညံနေသောအသံတွေကြောင့် ဘုရားခန်းထဲကထွက်လာရတယ်။

ကိုလင်းထည်က ညကတည်းကဆေးရုံမှာဂျူတီကျနေတာမို့ ပြန်မရောက်လာသေးပါ။ အန်တီကလဲ ဒိုးတို့သားအဖနဲ့အတူမနက်စာစားပြီးပြီမို့ ဆိုင်ကိုသွားပြီဖြစ်သည်။ အိမ်မှာ အေးသက်တို့နဲ့ဒိုးတို့သားအဖပဲရှိနေခဲ့တော့တာပါ။
သြော်.... ဟိုတစ်ယောက်လဲရှိပါရဲ့။ စက်တော်ခေါ်နေတာ မနိုးသေးလို့။

.
.
.
သူ..... မျှော်လင့်မထားတဲ့အချိန်မှာနိုင်ငံခြားကပြန်လာတယ်။ ရောက်ရောက်ချင်းပဲ ငြိမ်းကို Daddy လို့ခေါ်ခိုင်းပြီး ဒိုးကိုညအိပ်မပျော်အောင်လုပ်ခဲ့တဲ့သူ။ ငြိမ်းက သူ့ကို Daddy လို့တစ်ခွန်းခေါ်တိုင်း ဒိုးရင်ထဲမှာခံရခက်စွာနာကျင်ဝမ်းနည်းရပါသည်။ ကွက်လပ်မရှိစေရဘူးလို့ ဒိုးဘယ်လိုပဲစိတ်အားတင်းခဲ့ပါစေ... ငြိမ်းရဲ့မိဘနေရာသည် သေချာပေါက်ကွက်လပ်တစ်ခုပါပဲ။ ဒိုးဖြည့်စည်းတိုင်း မပြည့်နိုင်ခဲ့တဲ့ကွက်လပ်ပေါ့။ သူက ထိုကွက်လပ်ကိုဖြည့်ပေးတော့မှာပါလားလို့ တွေးမိပြန်ရင်လဲ ဒေါသရော သောကရောပွေလီရပြန်တယ်။ တကယ့်အရှုပ်။

.
.
.

''ဟေ့ရောင်..... လင်းရိပ်.... ငါတို့ရောက်ပြီကွ.... ထတော့....မင်း''

သူ့သူငယ်ချင်းတွေဖြစ်ပုံရပါတယ်။ သူ့ကိုဝိုင်းပြီးအိပ်ယာထခိုင်းနေကြတာ။ ဒါသူတို့က လင်းရိပ်ထင်ရဲ့အခန်းလို့သိထားပြီးသားအခန်းကို တံခါးခေါက်တယ်ဆိုပေမဲ့ လက်ရှိမှာ အဲ့အခန်းကိုသုံးနေတာ ဒိုးလေ။ ဟိုတစ်ယောက်ကဖြင့် ကိုလင်းထည်အခန်းထဲမှာကို။

''ဟို.... ဟိုလေ..... ဒီမှာဗျ....''

မနေသာတော့ဘဲ ဒိုးက အသံပေးရပါတော့တယ်။ သူတို့တွေ ဒိုးကိုလှည့်ကြည့်တယ်။ ပြီးတော့ သူတို့အချင်းချင်းပြန်ကြည့်နေကြတယ်။ ဘယ်သူလဲ ဘာလဲဆိုတဲ့ပုံစံပေါ့။ ပုံစံတွေကိုက လင်းရိပ်ထင်ရဲ့သူငယ်ချင်းတွေဆိုတာ မမေးဘဲသိသာတဲ့ပုံတွေ။ သူတို့က ဒိုးကိုစိုက်ကြည့်နေတာကြာလာတော့ ဒိုး စိတ်မရှည်လာတော့ဘဲ မျက်နှာကတင်းသည်ထက်ပိုပြီးတင်းလာတော့တယ်။ ဟုတ်တယ်လေ လူကိုဝိုင်းကြည့်နေတာ ဘာမှန်းလဲမသိ။ ဒိုးဆံပင်ရှည်တွေကိုငေးတာများ မျက်လုံးအပြူးသားတွေနဲ့ကိုဝိုင်းငေးနေကြတာ ....နေပါစေဦး.... ပလွတ်ခနဲကျွတ်ထွက်ကျလာမှ အဲ့မျက်လုံးတွေကိုတက်ကိုနင်းပစ်ဦးမယ်။
.
.
.

ဒိုးကလေးWhere stories live. Discover now