part(51)

30.9K 2.4K 99
                                    

Unicode

လင်းထည် ခိုင်းတဲ့အတိုင်းညွှန်ကြားတဲ့အတိုင်း ဒိုးကို လင်းရိပ်ပြုစုပေးတယ်။
ဒါပေမဲ့ ဒိုးသတိမရသေးဘူး။
လင်းထည်လဲ ကားမောင်းရင်းစိတ်ပူနေပြီ။
.
.
.

ဒိုးကို အပေါ်ထပ်ကသူ့အခန်းထဲရွှေ့ရတယ်။
မြေကြီးစတွေပေပွနေတာမို့ ဒိုးကိုအဝတ်အစားလဲပေးဖို့လုပ်ရတယ်။
ဗီရိုသော့လေးက တန်းလန်းရှိနေတာမို့ အဝတ်အစားတွေပြေးပြီး လင်းရိပ်ထုတ်တယ်။
ဗီရိုအောက်ခြေမှာ.... ဖိုင်တွဲ အကြည်လေး.... တစ်ချက်ကြည့်မိတော့.... လင်းရိပ်လန့်သွားတယ်။
ဆံပင်ရှည်နဲ့ တစ်ယောက်ပုံ...
တိတိကျကျပြောရရင် ဒိုး.... ဒိုးပုံတွေဆိုပေမဲ့ နည်းနည်းတော့ကွဲတယ်။
ဘယ်သူလဲ။
ဖွင့်ကြည့်တော့မိမည့်ဆဲဆဲဖြစ်သွားပြီးမှ ချက်ချင်းသတိဝင်တယ်။
နောက်မှ.... နောက်မှ.... ဒိုးကိုခွင့်တောင်းပြီးကြည့်မယ်။ စိတ်ကတော့အရမ်းကိုစိတ်ဝင်စားသွားတာဖြစ်ပေမဲ့ ဒိုးကအရေးကြီးနေတာမို့ နောက်မှပဲကြည့်ပါတော့မယ်။
.
.
.
ဒိုးအဝတ်အစားတွေကိုယူပြီး ဒိုးအနားကိုပြေးရတယ်။ လင်းရိပ်လဲ ဘဝမှာဒီလောက်ထိကတုန်ကရီဖြစ်တာမရှိဖူးဘူး။ အခု လူကပြေးလွှားလုပ်ကိုင်ပေးနေပေမဲ့ စိတ်နဲ့လူနဲ့မကပ်။

ဒိုးဝတ်ထားတဲ့ လက်ရှည်ချည်သားအင်္ကျီလေးကို ချွတ်ပေးလိုက်တော့.... အတွင်းမှာဝတ်ထားတဲ့တင်းကျပ်နေတဲ့ရင်စည်းလိုအရာ.... လင်းရိပ်ဆက်​ပြီး ချွတ်ပေးဖို့မဝံ့မရဲဖြစ်ရလောက်အောင် ဒိုးအတွင်းသားတွေက မိန်းကလေးတစ်ယောက်လို နူးညံပြီးဝင်းအိနေတယ်။

ပြီးတော့ ယောကျားလေးတစ်ယောက်က အတွင်းမှာစွပ်ကျယ်ခံဝတ်တာဘဲ တွေ့ဖူးတာ.... အခု ဒိုးဝတ်ထားတာက စွပ်ကျယ်လိုပုံစံပေမဲ့ ရင်ဘတ်ကိုတင်းနေအောင်စည်းထားတဲ့ပုံစံ။ ပိတ်စကလဲချည်သားကိုမှ အပေါ်ဝတ်ထက်ပိုပြီး ထူတယ်။ ဒိုး ကိုယ်တိုင်ချုပ်တာပဲနေမှာ.... ဒါမျိုးကို လင်းရိပ်မမြင်ဖူးဘူး။
လက်တွေက တုန်ရီစွာပဲအတွင်းဝတ်တွေကိုချွတ်ပေးမိတယ်။

အလွယ်တကူချွတ်လို့မရတာကြောင့်.... စက်ခုံလေးပေါ်မှာတွေ့တဲ့ ကတ်ကြေးနဲ့ပဲ အ​လယ်ကနေ ပိတ်စကိုထိုးခွဲချလိုက်တယ်။

ဒိုးကလေးWhere stories live. Discover now