Unicode
ဆိုင်ကိုသွားပြီး နေ့လည်စာစားကြတယ်။
ဆိုင်မှာတော့ အကြိုက်ပဲစားရပါတယ်။
စုံလင်နေအောင်ပဲ မှာပေးတယ်။
မချိမဆန့်တွေမှာပြီး အတင်းကာရောတွေ ကျွေးနေတာပေါ့။
အပြင်စာတွေဆိုတော့ဘယ်လောက်ကျွေးကျွေး ဒိုးကသိပ်မစားတတ်ဘူး။
စားနိုင်သလောက်ပဲစားပြန်တော့လဲ သူက မင်းစားတာနည်းတယ်ဆိုပြီးထပ်ကျွေး။စားပြီးတာနဲ့ သူနဲ့အန်တီ အလုပ်ကိစ္စတွေပြောတာကိုခဏစောင့်နေရတယ်။ သူ့အလုပ်ကလဲ ရှုပ်တော့ရှုပ်သား။
သူ ပြန်မလာခင်က အန်တီတော်တော်ပင်ပန်းမှာပဲ။
ဒါကြောင့် သူ့သားကို အရမ်းအားကိုးပြနေတာ။
တကယ်လဲ အားကိုးရပုံပါပဲ။
ကိုလင်းထည်က ဆေးရုံတစ်ဖက်နဲ့ဆိုတော့ အန်တီ့ကို သိပ်ကူနိုင်ပုံမရဘူး။
သူအလုပ်လုပ်တာ စေ့စပ်သေချာတော့ရှိတယ်ဆိုတာမြင်ရပါတယ်။
အေးလေ.... မစေ့စပ်မသေချာရင်လဲ ကျောက်တစ်ပွင့်တန်ဖို့းပဲနည်းလို့လား။
ဒီအရွယ်ကြီးနဲ့ ဒီလိုပညာတွေတတ်ထားပြီး ဒီလောက်တော့လုပ်အုံးမှပေါ့.... ဟုတ်ဘူးလား။
.
.
."ပါပါးးးး"
"ငြိမ်းလေး...ပြော"
"ငြိမ်း.... ကျောင်းတက်တော့မယ်"
"ဟုတ်တယ်လေ... ငြိမ်းပျော်လား"
"ဟုတ်....ပျော်တယ်....ပါပါးကိုချစ်တယ်"
ဒိုး ပါးကိုနမ်းရင်း ပြောသေးတာ။
ငြိမ်းကအချွဲ.... ညဆိုလဲ ပါပါးကိုချစ်တယ်လို့အမြဲပြောတယ်။ တကယ်က နေ့တိုင်းလိုလို သူဆိုင်ကိုလိုက်လာမိနေလို့ ဒိုးကို အားနာနေတာ။ ဒိုး တွေးရင်း အသည်းယားလို့ ငြိမ်းကိုဖျစ်ညှစ်မိတယ်။ ဗီဇလေးကတော့ ဒိုးမမနဲ့တူတာအဲ့ဒါတစ်ချက်ပဲ.... အားနာတတ်တာလေး။ သူ့အဖေနဲ့တူရင် အားနာတယ်ဆိုတာသိမှာတောင်မဟုတ်ဘူး။
.
.
.ငြိမ်းက အန်တီပြောသလိုပဲ လူဝင်စားဖြစ်နေသလားမသိပါဘူး။ ဆိုင်ကိုသွားရမယ်ဆိုရင် သူကိုယ်တိုင်လိုလိုလားလားနဲ့တက်ကြွနေတတ်တာ။
နေ့တိုင်း သူ့ပါပါးကို အိမ်မှာထားခဲ့ရတာဆိုတော့အားနာရကောင်းမှန်းလဲ သူလေးက သိသေးတာ။
အခုတော့ ကျောင်းတက်ရမယ်ဆိုတော့ သူပိုပြီး အလုပ်များပြီပေါ့လေ.... ဒါကြောင့် ချော့နေချွဲနေတာ။ တကယ် လူကြီးလေးလိုသိနေတာ။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။