part(35)

26.5K 2.2K 64
                                    

Unicode

ဒိုး သူ့မျက်နှာကိုကြည့်ကာနေမိသည်။
ဒိုးကို သူ စူးစူးစိုက်စိုက်ကြည့်ပြီးအဖြေကိုစောင့်နေသည်။ သူ့မျက်လုံးအကြည့်စူးစူးရဲရဲပေါ်မှာ သိလိုခြင်းတွေပေါင်းစပ်ပြီး အဖြေကိုစောင့်နေတာ။ အဖြေမရမချင်း မပြီးဘူးဆိုတဲ့ပုံစံအပြည့်။

"မတွေ့ဖူး...ဘူး"

"ဟုတ်လား...သေချာလား"

"သေချာတယ်..."

"ဒါဖြင့် တစ်ခါမှမတွေ့ဖူးတဲ့ ကိုယ့်ကို ဘာတွေစိတ်ဆိုးနေတာလဲ...ဟင်"

"......"

စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေကပိုပြီးစူးတောက်လာတယ်။ သူ့စကားက ဒိုးကိုအငိုက်မိသွားစေပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း သူ့ရှေ့မှာဂျောင်ပိတ်မိနေပြန်ပြီ။

"ပြီးတော့ မင်းဆံပင်တွေ... ကိုယ်ရင်းနှီးသလိုမျိုးဖြစ်နေတယ်"

ပြောရင်း ဒိုးဆံပင်တွေဆီကိုရောက်လာတဲ့ သူ့လက်တွေကြောင့် ဒိုးကရှောင်တယ်။

"မထိနဲ့..."

ပြောရင်း ဒိုးသူ့လက်တွေကိုပုတ်ထုတ်လိုက်မိသည်။
သို့သော်သူ့လက်တွေက ဒိုးဆံနွယ်တွေဆီ ရောက်နှင့်နေပြီ။ တကယ်လက်မြန်တာပါဆို။

"ခင်ဗျား...ကို မထိနဲ့လို့ပြောနေတယ်လေ"

ခေါင်းကို ရမ်းခါကာရှောင်ရင်း သူ့လက်တွေကိုဆွဲဖယ်မိသည်။

"ကိုယ် အရမ်းထူးဆန်းနေတယ်...မင်း..ဘာလို့ဆံပင်ရှည်တွေ ထားတာလဲ...မင်း.. ပုံစံကရုတ်တရက်ကြည့်ရင်လေ..."

ဒိုးလက်တွေကို အရင်ဖမ်းချုပ်ပစ်လိုက်တယ်။
သူ့လက်တစ်ဖက်ထဲနဲ့ ဖမ်းချုပ်ပစ်လိုက်တာ ဒိုး လက်နှစ်ဖက်လုံးကို။
ဒေါသနဲ့ စိတ်လှုပ်ရှားမှုပေါင်းကာ လူတစ်ကိုယ်လုံးတုန်ယင်နေပြီ။ ဖမ်းမိပြန်ပြီး သူ့လက်ထဲမှာ။

"ငြိမ်း...ရှိတယ်...မလုပ်နဲ့နော်...ဖယ်..."

သူက ငြိမ်းကိုတစ်ချက်လှည့်ကြည့်တယ်။
ငြိမ်းက လူကြီးနှစ်ယောက်ကိုကြည့်နေပေမဲ့ ရန်ဖြစ်နေတယ်တော့သိပုံမရသေးဘူး။ ငြိမ်းက ဒိုးအသံကျယ်လာမှ...ဒိုးမျက်ရည်ကျမှပြေးလာတတ်တာ။

ဒိုးကလေးWhere stories live. Discover now