Unicode
ဒီနေ့တော့အိမ်မှာညစာကို အန်တီရယ် ကိုလင်းထည်ရယ် ဒိုးရယ် ငြိမ်းရယ်ပဲစားကြတယ်။
ကိုလင်းရိပ်ပြန်မလာသေးဘူး။ကိုလင်းထည်ပြောတာတော့ ဖုန်းဆက်ထားတယ်... နောက်ကျမယ်တဲ့။
တကယ်တမ်း ထမင်းဝိုင်းမှာ သူမရှိပြန်တော့ ဒိုးလဲတစ်မျိုးကြီးပဲရယ်။
ဘာလဲ လွတ်လွတ်လပ်လပ် သက်သက်သာသာဖြစ်သွားလို့များလား။ထမင်းစားပြီး အန်တီက ငြိမ်းကိုအခန်းထဲခေါ်သွားတယ်။
ဒိုးက ကော်ဖီဖျော်ပြီးအပေါ်တက်ခဲ့တယ်။
ကိုလင်းထည်က ကော်ဖီသောက်ချင်တယ်ဆိုလို့လေ။ဝရံတာကခုံလေးမှာ ကိုလင်းထည် ထိုင်နေတယ်။ ကိုလင်းထည်အနားကိုလျှောက်သွားပြီး....
"ကိုလင်းထည်...ဒီမှာ ကော်ဖီပါ..."
"အော် အင်း...ဒိုး...လာ ထိုင်ပါဦး..စကားပြောရအောင်"
ကိုလင်းထည်ရဲ့ဘေးမှာဝင်ပြီးထိုင်ရတယ်။
"ဒိုး...."
"ဟုတ်ကဲ့..ကိုလင်းထည်"
"ဒိုး...လင်းရိပ်ကိုလေ...ငြိမ်းအကြောင်းပြောပြကြမလား"
ကိုလင်းထည်ရဲ့စကားက ဒိုးကိုလန့်သွားစေတယ်။
"ဟင့်အင်း...ဟင့်အင်း...ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ပြောပြရမှာလဲ...မပြောချင်ဘူး ကိုလင်းထည်... ဒိုး တောင်းဆိုထားတယ်လေ.... သူ့ကိုမပြောပြဖို့"
"ဟုတ်ပါတယ်...ကိုယ်လဲ တတ်နိုင်သလောက်ဖုံးထားပေးတာပဲ ဒိုးရယ်...ဒါပေမဲ့..."
"ဒါပေမဲ့...ဘာဖြစ်လဲ...သူက ဘာပြောလို့လဲ"
"လင်းရိပ်က... သူ့ဘာသူသိသွားတာထက်စာရင် ကိုယ်တို့ရှင်းပြလိုက်တာ ပြောပြလိုက်တာ သူ့အတွက်ပိုခံသာမလားလို့လေ"
"ဒိုး တောင်းဆိုတာကို ကိုလင်းထည်မလုပ်ပေးရင် ဒိုးလဲ ဒီမှာဆက်မနေတော့ဘူး"
ဘယ်လိုပဲ လေးစားရတဲ့ကိုလင်းထည်ဖြစ်ပါစေဦးတော့ ဒိုးပြတ်ပြတ်ပဲပြောတယ်။
"ဟာ...ဒိုးရာ...အဲ့လိုမဟုတ်ပါဘူးကွာ...လင်းရိပ်သိသွားတော့မှာ အနှေးနဲ့အမြန်ပဲ...ဒိုးရဲ့..."
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။