Unicode
ဒိုးက အားလုံးအမှန်အတိုင်း သိသွားပြီးနောက် ငြိမ်းကိုလဲ အပျောက်မခံဘူး။ ကျောင်းသွားချိန်ကလွဲပြီး အိမ်မှာဆို ငြိမ်းကိုတပွေ့ပွေ့တပိုက်ပိုက် ဖြစ်နေပြန်တယ်။
ဒိုးရဲ့ စိတ်ခံစားချက်တွေက နည်းနည်းတော့ ပြင်းထန်နေသေးတယ်။ တစ်အိမ်သားလုံးလဲ ဒိုးကို အရိပ်တကြည့်ကြည့်နဲ့ နေကြရတာပေါ့။ သိသိသာသာလဲ သည်းမပြရဲကြဘူး။ ဒိုး အခြေအနေကို တစ်စေ့တစ်စောင်းကြည့်ပေးကြရုံပဲ။
နဂို နှလုံးရောဂါအခံရှိနေတော့ ဒိုးကို ထပ်ပြီးထိခိုက်မှာ ကြောက်ကြတယ်။ဒိုးက သူ့မမကို သတိရတိုင်း ငြိမ်းကိုပဲ ပွေ့ပိုက်ပြီးနမ်းတယ်... ချီတယ်။
ငြိမ်းက အရင်ကတည်းက သိပ်ပြီးပိန်တဲ့ကလေးမဟုတ်ဘူး။
အခုဆိုပိုဆိုးနေသေးတာ.... ကျောင်းမှာရော အိမ်မှာပါ အနေအစားမှန်တော့ ငြိမ်းက ကစ်နေရောပဲ။
ဒါပေမဲ့ ငြိမ်းကို ခါးတစ်ခွင်ပြီး ချီနေဆဲပဲ။
သူတို့ သားအဖပုံက အသည်းယားစရာ အတိ။
တစ်ယောက်က ပိန်ပိန်ပါးပါးလေး... နောက်တစ်ယောင်က တစ်တုတ်တုတ်နဲ့။
မနိုင်မနင်းနဲ့ ဒိုးက သူ့သမီးကိုချီပိုးထားသလိုပဲ။လင်းရိပ်အပေါ်ကိုလဲ ဒိုးကလေးသိပ်ကိုဂရုစိုက်လာတယ်။ အရင်ကလဲ ဂရုစိုက်ပါတယ်..... သူချစ်လို့ယူထားတဲ့ ယောကျားပဲလေ။
အခုက မတူတော့ဘူး.... လင်းရိပ် တောင်းဆိုစရာဘာမှ မလိုအောင် သူလေးက ဖြည့်စည်းပေးနေတော့တာ။
လင်းရိပ်အပေါ်ကိုလဲ ဒိုးကလေး အားနာစိတ်ရှိသွားလို့ပါ။ လင်းရိပ်က အဲ့ဒီ အားနာစိတ်ကို ကြိုးစားဖျောက်ဖျက်ပေးနေရတယ်။
တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုမှာ နားလည်မှုပဲ လိုတော့တာလေ။ အားနာစရာ သနားစရာ လိုမှ မလိုတော့တာ။
အားနာနေမဲ့အစား... ပိုပြီးချစ်ပေးလိုက်ပေါ့။.
.
.
.ရေဝေးသုသာန်....
နာရေးခန်းမတွေ တန်းစီပြီးရှိနေတယ်။
အသက်အရွယ်မျိုးစုံဟာ.... လူ့လောကကြီးထဲကနေ ထွက်ခွာသွားကြရပြန်ပြီ။
လာတဲ့အချိန်မတူပေမဲ့ ပြန်တဲ့အချိန်တူတဲ့လူတွေ....ငါးနှစ်အရွယ် ကလေးငယ်လေးအတွက် မိဘဆွေမျိုးတွေရဲ့ ပူဆွေးသောကသံတွေက ခန်းမအပြင်ကို လွင့်ထွက်လာတယ်။

STAI LEGGENDO
ဒိုးကလေး
Storie d'amoreနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။