Unicode
လင်းထည်ရဲ့ဆေးကျောင်းကသူငယ်ချင်းတစ်ယောက် ရန်ကုန်ကိုပြောင်းလာတယ်။ အလုပ်မအားတာနဲ့ သူငယ်ချင်းဆီမသွားဖြစ်ဘူး။
ဒီနေ့ ဂျူတီပြီးတာနဲ့ ညနေဆေးရုံကအပြန် သူငယ်ချင်းတာဝန်ကျရာဆေးရုံကို လာမယ်လို့ လင်းထည်ချိန်းထားတယ်။သူငယ်ချင်းက ရန်ကုန်မြို့ရဲ့ မြို့နယ်ဆေးရုံလေးမှာတာဝန်ကျနေတာ။
ကားကို အပင်ရိပ်မှာထိုးရပ်လိုက်ပြီး သူငယ်ချင်းကိုဖုန်းခေါ်ရတယ်။"ဟေ့ရောင်.... သန့်စင်ရေ... ငါရောက်ပြီကွ..."
''အေး...သူငယ်ချင်း... ဟိုကောင်တွေရော လာပြီလား... ငါပြီးတော့မှာပါ... ခဏပဲစောင့်"
"ရတယ်... ဟိုကောင်တွေမတွေ့သေးဘူး.... ငါတက်ခဲ့ရမလား... မင်းဘယ်အဆောင်လဲ"
"မတက်ခဲ့နဲ့လေ... မင်းခု ဘယ်နားမှာလဲ"
"ကားပါကင်မှာပဲလေ...."
"အေး.... မင်းကို ငါတွေ့ပြီ.... ခဏလေး ဟိုကောင်တွေလာရင် ကန်တင်းက စောင့်နေပါလားကွာ.... မိနစ်နှစ်ဆယ်လောက်ပါပဲ...နော်"
"အေးပါ.... ဒီည မင်းကိုပေးမှာ...အေးဆေးလုပ်"
ဆေးရုံကော်ရစ်တာကနေ လက်လှမ်းပြရင်းဖုန်းပြောနေတဲ့ သူငယ်ချင်းကို လင်းထည် လက်ပြရင်းပြောသည်။
"ခွေးကောင်.... ဒါဆိုလဲ ငါ့ညဆိုတော့... ငါယူမှာနော်"
လင်းထည် ရယ်ပြီးကျန်ခဲ့တယ်။
သူငယ်ချင်းတွေ မတွေ့ရတာကြာနေပြီ။ ကျန်တဲ့ကောင်တွေမရောက်သေးတာကြောင့် ဆေးရုံပေါ်မတက်ဘဲ ကားထဲဝင်ထိုင်ပြီးစောင့်နေမိတယ်။ပတ်ဝန်းကျင်မှာတော့.... လူးလားခေါက်ပြန် သွားကြ လာကြ..... မစည်ကားအပ်တဲ့နေရာမှာ စည်ကားလို့ပါပဲ။
ဆေးနံ့လွှမ်းနေတဲ့ ဆေးရုံပတ်ဝန်းကျင်မှာ လူ့အသက်အတွက် စိတ်ခံစားချက်မျိုးစုံနဲ့ လူနာရှင်တွေ.... ဆရာဝန်တွေ သူနာပြုတွေ.... မြင်နေကျ မြင်ကွင်းကိုပဲ လင်းထည်ငေးနေမိတယ်။
အသက်ဆုံးရှုံးသွားကြရတာ နေ့တိုင်းဖြစ်သလို.... မွေးဖွားမှုတွေလဲနေ့တိုင်းရှိနေတယ်။ ဆေးရုံပတ်ဝန်းကျင်မှာ အပူတွေရော အပျော်တွေရော ရှိနေတယ်။
ဝမ်းသာမှု ဝမ်းနည်းမှုတွေကို လိုက်ခံစားမနေနိုင်တော့ဘဲတာဝန်တွေအပေါ်မှာ အမြဲကြိုးစားပြေးလွှားနေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိတယ်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။