part(39)

25.7K 2.4K 152
                                    

Unicode

ခေါက်ဆွဲကို ပြုတ်ပြီးအပေါ်တက်သွားတော့... အခန်းထဲမှာ ငြိမ်းကိုပုခုံးပေါ်ထမ်းပြီးချော့သိပ်နေတဲ့ သူ။
သူကလေ.... သူဘယ်လောက်အလုပ်များနေပါစေ... ငြိမ်းကိုလုပ်ပေးရမဲ့တာဝန်ကို မပျက်ကွက်ဘူး။

ပန်းကန်လေးကိုခုံပေါ်တင်ပြီး ငြိမ်းကိုကုတင်ပေါ်တင်ဖို့အဆင်သင့်လုပ်ပေးရသည်။

ထူးထူးဆန်းဆန်း ဒီညတော့ ငြိမ်း အေးအေးဆေးဆေးအိပ်သွားပြီပဲ။ ဒိုးနဲ့ဆို တစ်ခါမှ ပွေ့သိပ် ချီသိပ်လို့မရပါ။ ဖက်ပြီးသိပ်ပေးရတာ... ပြီးရင် နို့ကတောင်းစို့သေးတာ။ ငြိမ်းကသုံးနှစ်​ကျော်ဆိုပေမဲ့ နို့မပြတ်သေးဘူး။ နို့မှုန့်တော့ မသောက်တော့တာ​ကြာ​ြပြီ။

ညဆို ပါပါးနို့.... ဒါကိုတော့ ဂါထာရွတ်သလိုရွတ်ပြီးမှ အိပ်တာ။ အင်း...ဒီညတော့သက်သာပြီ။

တွေးလို့မှ မဆုံးသေး... ကုတင်ပေါ်ချပေးတာနဲ့...ပါးစပ်ကနို့ကိုလိုက်ရှာနေသည်။ လက်တွေက လိုက်စမ်းသည်။
ဟယ်....ဒုက္ခပါပဲ...
ငြိမ်းဘေးမှာ လှဲချလိုက်ပြီး ဒိုး ဘာဆက်လုပ်ရမယ်မသိတော့... သူကလဲ ခုထိရပ်ကြည့်နေဆဲ။
.
.
.

"ဟို...ဟိုမှာ ခေါက်ဆွဲလေ...ယူပြီး စားလိုက်တော့နော်...ကျွန်တော် ငြိမ်းကို သိပ်ရမယ်...ဟို.. ကိုလင်းရိပ်အခန်းကို ပြန်တော့"

"အင်....အင်း..အင်း...ပြီးမှစားမယ်...သိပ်လေ...သိပ်ပါ...ကိုယ် ရေချိုးလိုက်ဦးမယ်"

ပြောပြီး ငြိမ်းကို စိတ်မချသလိုကြည့်နေသေးတာ။
တကယ်ပါဟယ်...အကြောရှည်တယ်... ငြိမ်းလက်တွေက ဒိုးရင်ဘက်တွေကိုစမ်းမိနေပြီ...စမ်းမိတာနဲ့ အင်္ကျီစကိုအတင်းဆွဲတော့သည်။
ကဲ...ကြွပါတော့...ငြိမ်းကတစ်မျိုး... ငြိမ်းရဲ့ မွေးသဖခင်ကျေးဇူးရှင်ကတစ်မျိုး... ဒိုးက..ဖရိုဖရဲနဲ့ ကုတင်ပေါ်မှာ ...ငြိမ်းက ဖမ်းဆွဲလို့မရတော့အသံထွက်လာတယ်။

"ပါပါး....နို့..နို့...ပါပါး...နို့... နို့...ပြွတ်"

ပါးစပ်ကစို့ပါစို့နေပြီ။
ဒိုး တစ်ကိုယ်လုံးရှက်ပြီး ပူထူနေတော့သည်။ အခု.... ဘာဆက်လုပ်ရမှာလဲ။
.
.
.

လင်းရိပ် နားမလည်နိုင်ခြင်းများစွာနဲ့ ကြောင်ကြည့်နေမိတာ...ကုတင်ပေါ်ကသားအဖကိုလေ။
အိပ်ပျော်နေတဲ့ ငြိမ်းက ဒိုးကိုအတင်းဖက်ပြီး နို့ တဲ့။
ဒိုးက နို့တိုက်လို့ရတယ်ပေါ့လေ။
ဒိုးက ယောကျားလေးမဟုတ်ဘူးလား။
သူ့သမီးကို ဒိုး နို့တိိုက်သလား။
နို့.... နို့ရော... ထွက်သလား....ဟာ့​။
လင်းရိပ်တွေးရင်း ဒိန်းခနဲရင်ခုန်ကာလူကပူထူလာတော့သည်။
ဟုတ်တယ်... ကျုပ်လူပျိုဗျ။
.
.
.

ဒိုးကလေးWhere stories live. Discover now