part(7)

28.2K 2.8K 91
                                    

ရန်ကုန်မြို့ရဲ့....မြို့လယ်မှာရှိတဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုဖြစ်သည်။
ထင်ရှားကျော်ကြား ဆိုသည့် ရတနာဆိုင်...
နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး..ရတနာလောကတွင် နာမည်ကောင်းရှိသည့်ရတနာဆိုင်။

ပိုင်ရှင်ဖြစ်သူမှာ ဒေါ်ထက်ထင်လင်း....
အသက်အရွယ်အားဖြင့် ခြောက်ဆယ်ပတ်ဝန်းကျင်ရှိပြီ ဖြစ်သော်လည်း အသက်ထက်ပို၍နုပျိုသည့်ရုပ်ရည်။ ထက်မြက်မှုနှင့်တည်ငြိမ်မှုပေါင်းစပ်ထားသောအသွင်အပြင်နှင့် ကျက်သရေရှိရှိလှသည်။

ဒီနေ့ ဒေါ်ထက်ထင်လင်းတစ်ယောက် အလုပ်လာသည်မှာ မျက်နှာမကောင်း...မကောင်းဆို သူ့သားတော်မောင် အမွှေထသည်လေ။
ညက ကလပ်တက်ရင်း ရန်ဖြစ်လာသည်တဲ့။
မထူးဆန်းပေမဲ့ ကြာတော့ အမေမှာမခံစားနိုင်တော့။
သားအဖေ ဦးထင်ကျော်​ကြား ဆုံးပါးသွားပြီးနောက်မှာ အလိုလိုက်ခဲ့သည်တော့မဟုတ်ပေမဲ့ ဖတဆိုးကိုအချစ်ပိုမိသည်။

လင်းရိပ်ထင်
လင်းရိပ်ထင်သည် သူဌေးသားလူဆိုးလား။
ဒီလိုတော့လဲ မဟုတ်ပြန်။ အပေါင်းအသင်းမင်ပြီး လွတ်လွတ်လပ်လပ်နေချင်သည့် လူငယ်တစ်ယောက်သာဖြစ်သည်။ တက္ကသိုလ်လဲ တစ်ပိုင်းတစ်စနှင့်ဆက်မတက်တော့။ ကလပ်တင်တာလဲ တစ်ခါတစ်ရံမှသာတက်ဖြစ်သည်။ ကလပ်သည် လင်းရိပ်ထင်နှင့် ဘယ်သောအခါမှ အကျိုးမပေး။
ကလပ်တက်တိုင်း ပြသနာတက်သည်။
ကိုယ်ရှာတာမဟုတ်ရ။ တစ်ဖက်လူက ရှာခြင်းသာ။
ပြသနာရှာခံရရင် လင်းရိပ်ထင် ဘယ်တော့မှ ရှောင်မသွားတတ်တော့ခက်သည်ပေါ့။

တကယ်က... လင်းရိပ်ထင်သည် သူတို့အသိုင်းအဝိုင်းမှာနာမည်ကြီးသည်။ ဆိုး ပေ တေ နေတာမဟုတ်လို့ကိုပိုပြီး နာမည်ကြီးသည်။ မိန်းကလေးတွေ ရဲ့ အသည်းကျော်လဲဖြစ်သည်။ မိန်းကလေးတွေဘာအကြောင်းနဲ့ပဲ လာပတ်သက်သည်ဖြစ်စေ မိန်းကလေးကို ချေမိုးတတ်သည့် လူစားမဟုတ်တော့ အလိုက်အထိုက်တော့ ဆင်ဆံရသည်လေ။ ဒါကပဲ ရန်သူများခြင်း....မကြည်သူများခြင်း။

ကြည့်ကောင်းသည့်ရုပ်ရည်ကို အဖေရော အမေဆီကပါရထားသူ။ အရပ်မြင့်သည်။ အသားမဖြူ မညိုနှင့် ခိုင်မာသောမေးရိုးများနှင့် သူကြည့်တတ်သည့်အကြည့်စူစူးတို့ကြောင့် လူအများကြား ထင်ပေါ်နေတတ်သည်။
ပြီးတော့ သူဌေးသားမှာ အသုံးအဆောင်ကအစ သူမတူအောင်ရှိတတ်သည်။

ဒိုးကလေးWhere stories live. Discover now