part(10)

27.6K 2.7K 42
                                    

"ဟကောင်....ငါ..ဆော်အသစ်ရတော့မယ်"

လင်းထည်ရဲ့ပြောစကားကြောင့်...လင်းရိပ် ရယ်သည်။

"ထူးဆန်းလား...ထူးဆန်းလား...ပြော...မင်းဆော်ရတာ ဘာများထူးဆန်းလဲ"

"ဒီတစ်ခါ ငါ အတည်ကွ"

"တည်ပြန်ပြီ....မင်းလဲလေ....အလုပ်သင်ဝင်နေလို့ ပင်ပန်းနေတာတောင် ဒီအတွက်အချိန်ရှိတုန်းပဲလား"

"ရှိတယ်....ငါတကယ်ပြောနေတာ....ဒီတစ်ခါတကယ်ကို အတည်"

"မင်းကလဲကွာ....ဟုတ်မှလဲလုပ်ပါ...ဘယ်မှာတွေ့တာလဲ"

"တွေ့တဲ့နေရာက အရေးမကြီးပါဘူး...တကယ်ချစ်သွားတာပဲအရေးကြီးတာ"

မယုံကြည်နိုင်သလိုကြည့်နေသော လင်းရိပ်ကြောင့် လင်းထည်ရယ်သည်။

"ငါ သူနဲ့ သုံးလေးခါတွေ့ပြီးပြီ....ဖွင့်တော့မပြောရသေးဘူး...ငါ့အသိတစ်ယောက်ရဲ့သူငယ်ချင်းကွ"

"အေး"

"စတွေ့ကတည်းကကွာ...ငါ ကြွေသွားတာ...ဟဲ ဟဲ..သူလဲ ငါ့ကို ကြွေနေတဲ့ပုံပါ"

"အေး"

"ဖွင့်ပြောတော့မယ်ကွာ...အဲ့ဒါ မင်းလဲ လိုက်ခဲ့"

"ဘာ....ငါက ဘာလိုက်လုပ်ရမှာလဲ...တော်ကြာ မင်းကိုမကြိုက်ဘဲ ငါ့ကြိုက်သွားရင် ဘယ်လိုလုပ်မလဲ"

လင်းထည် ကုတင်ပေါ်လှဲနေရင်းကထလာပြီး လင်းရိပ်ကိုကန်သည်။

"ချီးစကားမပြောနဲ့...မိန်းကလေးနဲ့ပတ်သက်လို့ မင်းအဖြစ်ရှိရင်လား...ဟွင်း ဟွင်း...ငကြောင်....ရှာပေးတော့လဲအဆင်မပြေ...အထာပေးတော့လဲအဆင်မပြေကောင်ကများ....လာ လာချည်သေး"

ဟုတ်သည်....လင်းထည် ရည်းစားများသလောက် လင်းရိပ်သည်လုံးဝအဖြစ်မရှိ။
ခုနောက်ပိုင်း လင်းရိပ်ရည်းစားထားဖို့ ကြိုးစားသေးသည်။ ဘယ်သူမှ လင်းရိပ်နှင့် သုံးလပြည့်အောင်မတွဲကြ။ လင်းရိပ်လဲ မိန်းကလေးတွေကို စိတ်မရှည်။
မိန်းကလေးကို သူငယ်ချင်းများလောက်ပင်အလေးမထားတတ်။
ခုဆို သူတို့နှစ်ယောက်လဲ အရင်လိုတပူးတွဲတွဲသိပ်မနေရတော့။ လင်းရိပ်က မေမေ့အလုပ်ကိုပိုကူနေရတာဖြစ်ပြီး လင်းထည်ကဆေးရုံမှာ အလုပ်သင်ဖြစ်နေပြီ။
ပြီးတော့ လင်းထည်ကောင်မလေးများသည် လင်းရိပ်ကိုသိပ်မသိကြ။ လင်းရိပ်ကလဲ သိအောင်မနေ။ ကြားတော့ကြားဖူးကြသည်။ ဘာကြောင့်လဲဆိုတော့ လင်းထည်က လင်းရိပ်အ​ကြောင်းမပါလျှင်စကားမပြောတတ်သူလိုဖြစ်နေတာကိုး။
.
.
.
.
လင်းထည် ဒီတစ်ခါတော့ တကယ်အချစ်စစ်နှင့်တွေ့ရပြီထင်သည်။ ထိုမိန်းကလေးကို မြင်မြင်ချင်း ခံစားချက်ကအရင်လိုမဟုတ်ခဲ့။ လင်းထည် ရည်းစားများသည်ဆိုပေမဲ့ မြင်မြင်ချင်းခံစားမိ ချစ်မိသည်ရယ်လို့တစ်ခါမှ မရှိ။ ခုက အရမ်းတွေဖြစ်နေတာ...ထပ်တွေ့ဖို့က ကြံရအုံးမည်။နာမည်လေးတစ်ခုပဲသိရသေးသည်...
သူ့နာမည်က ဆည်းဆာတဲ့...
.
.
.
.
ဆည်းဆာ....အားလုံးကိုစိတ်နာသည်။ ဖေဖေရော မေမေရောကို စိတ်နာသည်။ ဆည်းဆာ ငယ်ငယ်ကတည်းကချမ်းချမ်းသာသာနေလာခဲ့တာ...ခုတော့...သုံးချင်စရာ လုပ်ချင်စရာများတဲ့အရွယ်ရောက်မှ ဆည်းဆာကို ဒုက္ခရောက်အောင်လုပ်သည်။

ဒိုးကလေးWhere stories live. Discover now