Unicode
ငြိမ်းက တကယ်ပင်ထူးဆန်းလှသည်။
အိမ်ထဲကိုရောက်တာနဲ့ ခရီးဝေးကပြန်လာတဲ့ အိမ်သားတစ်ယောက်လိုပင် တီလေးအမျိုးသား ဦးထင်ကျော်ကြားရဲ့ အလုပ်စားပွဲရှိရာကိုသွားထိုင်သည်။
ဧည့်ခန်းနဲ့ တစ်ဆက်ထဲရှိသည့်နေရာမှာပဲ ကျွန်းစားပွဲကြီးရှိသည်။ ဦးထင်ကျော်ကြား မဆုံးပါးစဥ်က ဒီနေရာမှာပဲအမြဲလိုလိုရှိတတ်သည်။
တီလေးက ထိုစားပွဲကိုနေရာလဲမရွှေ့သလို သူကိုယ်တိုင်လဲတစ်ခါတစ်ရံမှသုံးတတ်သည်။ ထိုစားပွဲကြီးပေါ်တွင် ဦးထင်ကျော်ကြားသုံးခဲ့သော ဖောင်တိန်... ဂဏာန်းတွက်စက်... ကျောက်ကြည့်သည့်ကိရိယာများမှစကာ... အရာအားလုံး သူ့အတိုင်းတိုင်းရှိနေဆဲပင်။ငြိမ်းက ဧည့်ခန်းကိုကျော်ကာ ထိုစားပွဲဆီအရင်သွားသည်။
မမှီမကမ်းနှင့် ဆုံလည်ဆိုဖာခုံကြီးပေါ်ကိုတက်ဖို့ပြင်သည်။
တီလေးက.... ငြိမ်းကိုပွေ့ပြီးတင်ပေးလိုက်မှ သဘောကျသွားသလို တခစ်ခစ်နဲ့... တကယ်ပါ ငြိမ်းရယ်လိုက်ရင် လင်းရိပ်မှ လင်းရိပ်ပါပဲ။
တီလေးလဲငေးနေသလို လင်းထည်လဲငေးနေမိသည်။ ငြိမ်းက ဒီအိမ်ထဲမှာဘာတစ်ခုမှအသစ်အဆန်းဖြစ်မနေဘဲ သူသိနေသလိုပင်ကိုင်တွယ်သည်။
.
.
."တီလေး.... ဒိုးတို့သားအဖကို ဘယ်အခန်းထားပေးရမလဲ"
"အင်း....ဟုတ်သားပဲ...ဒိုးတို့ပါလာမယ် မထင်လို့လေ...အခန်းကိုအဆင်သင့်မလုပ်ထားမိဘူး... နေအုံး...တီလေး အေးသက်တို့ကို ရှင်းခိုင်းလိုက်မယ်"
"နေပါစေတော့... တီလေး... လောလောဆယ် သားဘေးကအခန်းပဲ ပေးသုံးလိုက်မယ်လေ... နောက်ကျနေပြီကို... ဒိုးနဲ့သား တစ်နေကုန်ဘာမှမစားရသေးဘူး.... ဒိုးလဲနားမှဖြစ်မယ်တီလေး... သားဘေးကအခန်းမှာပဲထားလိုက်တော့မယ်လေ... တစ်ခုခုဆို အဆင်ပြေသွားအောင်... မနက်ဖန်မှ အခန်းသစ်ပေးလိုက်ပေါ့"
"အေး...အေး... အမြဲရှင်းပေးထားတာ ဟိုကိုယ်တော်ချောအခန်းပဲရှိတယ်...အဲ့အခန်းပဲ ဒီည ပေးသုံးလိုက်တော့လေ... မနေ့ကမှ အိပ်ယာခင်းလဲထားတာ"
''ဟို.... ဘယ်သူ့အခန်းလဲဟင်....''
''ရတယ်.... ဒိုး.... ကျယ်လဲကျယ်ပြီး ကိုယ့်ဘေးခန်းပဲမို့ ဒီညတော့အဲ့အခန်းပဲသုံးလိုက်ပါ.... ညဘက်လိုတာရှိရင် ကိုယ့်ကိုချက်ချင်းပြောလို့ရအောင်.... ရေချိုး ထမင်းစားပြီးစောစောနားရမယ်...ဒိုး''
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။