ဒိုးတို့အကြောင်း...

28.3K 1.4K 168
                                    

Unicode

ကြည်ပြာ....

ကြည်ပြာက ဒီဇာတ်လမ်းမှာ သနားစရာအကောင်းဆုံး ဇာတ်​ကောင်ပါ။ သူ့အတွက်က ဘာမှဖြည်မပေးနိုင်ဘဲ သူသေသွားရပါတယ်။ ဒါက ကြည်ပြာ အတွက် မတရားဘူးလားဆိုတော့လဲ မဟုတ်ပါဘူး။
ကြည်ပြာ လိုမျိုး စိတ်သဘောထားကောင်းမွန်တဲ့သူတွေ ဒီလောကကြီးထဲမှာ ရှိကြပါတယ်။ အ​သေလဲ စောတတ်ကြပါတယ်။ ကြည်ပြာ ဇာတ်ကောင်အတွက် ကိုယ့်မေမေရဲ့သူငယ်ချင်းတစ်ယောက်ကို မြင်ယောင်ပြီး ရေးခဲ့ပါတယ်။ ကြည်ပြာလိုမိန်းကလေးတစ်ယောက်အပြင်မှာ ရှိခဲ့ဖူးပါတယ်။ တစ်ခုပါပဲ.... အပြင်က ကြည်ပြာက အပျိုကြီးပါ။ ချစ်သူလဲ မရှိပါဘူး... character ပဲယူမိတာပါ။ ကျန်တာက ကိုယ့်စိတ်ကူးပါ။
ကြည်ပြာ ကတော့ ငြိမ်းကိုမွေးဖွားပေးရမှာမို့ လင်းရိပ်နဲ့ တွေ့ပေးခဲ့တာပါ။ ဒါမှ ဒိုးက marriage life ဖြစ်မယ်လေ။
ကြည်ပြာ က ဒိုးနဲ့ ငြိမ်းအတွက် အဖြည့်ခံ ဇာတ်ကောင်ပါ။

ဒိုး.....

နာကျင်စရာ ငယ်ဘဝကြောင့်ပဲ ထင်မှတ်မထားလောက်အောင် သန်မာသွားခဲ့ရသူပါ။
ဒိုး သန်မာတာကို ဒိုးမေမေက သိပါတယ်။
အပြင်ပန်းဖြူနွဲ့နွဲ့လးဖြစ်ပေမဲ့ အတွင်းစိတ်မာပါတယ်။
ဒိုးက ပြသနာကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသူပါ။
ဒါကြောင့်လဲ ငြိမ်းနဲ့အတူတူ ခက်ခဲတဲ့ဘဝကို လျှောက်နိုင်ခဲ့တာပါ။ ပြီးတော့ ဒိုးဟာ စိတ်နေမြင့်ပြီး ဘဝမမေ့တတ်တာကြောင့် အားလုံးရဲ့အချစ်နဲ့ ထိုက်တန်သူပါ။
လူပုံလေးကလဲ အေးချမ်းပြီး စိတ်ထားလေးကအစဖြူစင်သူ.... လင်းရိပ်နဲ့မတွေ့ခင်အထိ ကလေးငယ်တစ်ယောက်လို ဖြူစင်သူပါ။

လင်းရိပ်ထင်.....

လင်းရိပ်က ဒိုးကို ဘဝနဲ့ရင်းပြီးချစ်ခဲ့ကြွေခဲ့သူဖြစ်ရမှာပါ။ ဒါကြောင့် သူ မိန်းမမရှုပ်ပါဘူး။
အားနာလို့ သူငယ်ချင်းတွေ မြှောက်ပေးလို့တွဲသာတွဲခဲရတယ်.... သူ အခွင့်အရေးမယူပါဘူး။
သူဌေးသား လက်ညှိုးညွှန်ရာရေ ဖြစ်နိုင်တဲ့လင်းရိပ်က ဒီလိုကိစ္စမျိုးကို ရှောင်တယ်လို့ အစကတည်းက ဖန်တီးထားခဲ့တာပါ။
ခြွင်းချက်အနေနဲ့ ပိုးသားကိုတော့ သူ လက်ထပ်ဖို့အထိ ကြံစည်တွေးခဲ့မိပါတယ်။ ဒါကလဲ ပိုးသားရဲ့အိန္ဒြေ သိက္ခာကို သူသဘောကျလို့ပါ။ နိုင်ငံခြါးမှာနေပြီး မြန်မာဆန်တဲ့အတွေးရှိသူမို့ပါ။ ဒါပေမဲ့ ပိုးသားအပေါ်လဲ လင်းရိပ်အခွင့်အရေး မယူပါဘူး။
ဒါကြောင့် လင်းရိပ်က ဒိုးနဲ့တွေ့ပြီး ချစ်တတ်လာတာကို မျက်မြင်တွေ့ပြီး ပိုးသားက နောက်ဆုတ်ပေးလိုက်တာပါ။
လင်းရိပ်က သူ့ကို တကယ်မချစ်တာ ပိုးသားက သိတာကြောင့်ပါ။

ဒိုးကလေးWhere stories live. Discover now