Unicode
ဒီတစ်ပတ် စနေနေ့မှာ ..... ဒိုး ဆေးခန်းပြရမယ်။
မနက်စာစားနေတုန်းပဲ ကိုလင်းထည်ကသတိပေးသွားတယ်။
ညနေ ဒိုး ဆေးခန်းပြဖို့ ပြန်လာခေါ်မယ်တဲ့။.
.
."ဒိုး..... ညနေ ဆေးခန်းကို ကိုယ်လိုက်ပို့မယ်... ဘယ်ချိန်လို့ လင်းထည်ပြောသွားလဲ"
"ရတယ်.... ရပါတယ်.... ကိုလင်းထည်နဲ့ပဲ သွားမယ်"
"ဒိုး...."
".........."
သူ အသံမာမာနဲ့ခေါ်တယ်။ လေသံမာလဲ ဒိုးကတော့လှည့်ကိုမကြည့်ဘူး။
သူက လူကို ပိုင်စိုးပိုင်နင်းပြောနေတာလေ.... ဘယ်နေရာလဲ သူ မကြည့်ဘူး။ မီးဖိုခန်းထဲထိ သူလာပြီးပြောနေတာ.... မလှမ်းမကမ်းမှာ အေးသက်တို့လဲရှိနေတယ်။ သူ့အော်သံကြောင့် အေးသက်တို့ပါလန့်သွားတယ်။
မျက်ကလူးဆန်ပြာနဲ့ ဒိုးတို့ကို ကြည့်နေတယ်။ ဒိုးကအဲ့လိုဆိုပိုပြီး စိတ်တိုတာ။လူကို အရမ်းအနိုင်ကျင့်လွန်းနေပြီ။
အပြင်သွားရင် အပြင်လူတွေကြားမှာ သူ့သိက္ခာ ကိုယ့်သိက္ခာတွေကြောင့်ပြန်ပြီးမပြောနိုင်ဘူး... အမြဲ မသက်မသာနဲ့ပဲငြိမ်နေရတာ။
အိမ်မှာတော့ နည်းနည်းဆင်ခြင်သင့်တယ်လေ။
သူပြောချင်ရာပြောသွားပြီး အိမ်မှာကျန်ခဲ့ရတာက ဒိုး။
ဒါကို သူထည့်တွက်မပေးဘူး။ဒိုးလဲစိတ်ကပေါက်လာပြီ။
အခြေအတင်မဖြစ်ချင်လို့ စကားကိုတော်ရုံနဲ့မတုန့်ပြန်တာ။ သူက အနိုင်ယူချင်တာပဲသိနေတယ်။ သူဖြစ်ချင်တာကို လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့အတွေးရှိနေတာသိတယ်။ သူပြောတော့ ဒိုးကို ချစ်လွန်းလို့။ တကယ်တော့ သူ့ကိုယ်သူပိုချစ်တာ။ အဲ့လောက်ကြီးထိ လူကိုအနေအစားကျပ်အောင် လုပ်နေတာကို သည်းခံပြီးရင်းသည်းခံတယ်။
အန်တီလဲရှိတယ်....ကိုလင်းထည်လဲရှိတယ်.... ငြိမ်းလဲ ရှိနေတယ်။ အားလုံးကို စိတ်ညစ်တာ စိတ်ပူတာ ဘာမှမဖြစ်စေချင်လို့ သည်းခံနေရတာ။ သူက ဒိုးကိုသူ့အပိုင်လိုစိတ်ထင်တိုင်းလုပ်တာကို တကယ်မခံနိုင်တော့ဘူး။ငြိမ်းက လူကြီးတွေရဲ့စကားအသွားအလာကိုမှတ်တတ်တယ်။ နားလဲလည်တယ်.... ဒိုး စိတ်ဆင်းရဲနေရင်လဲ သူသိတာပဲ။ ဒိုး သူ့ကို ဘာမှပြန်မပြောဘဲ ခပ်စူးစူးကြည့်နေမိတယ်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။