part(68)

30.8K 2.3K 45
                                    

Unicode

အားလုံးအပေါ်ကိုတက်ကြပြီဆိုတာနဲ့.... သူ့သမီးကိုသိပ်ဖို့ဆိုပြီး အခန်းထဲရောက်လာတယ်။ မသိရင် သူ့တာဝန်တစ်ရပ်လို။ အပေါ်ထပ်မှာက.... သူနဲ့ကိုယ် နှစ်ယောက်ထဲရှိတာလဲ မဟုတ်ဘူး။ ကိုလင်းထည်လဲ ရှိသေးတာကို.... သူ အဲ့လိုစွတ်ကယ် စွတ်ကယ်ဝင်နေတာမကောင်းဘူး။
ပြောပြန်ရင်လဲ လွန်ရာကျမယ်.... မပြောပြန်တော့လဲ သူ လုပ်ချင်သလိုလုပ်နေတော့တာ။

သူ့သမီးက ထုံးစံအတိုင်း မအိပ်ခင်ဆော့နေတာအကောင်း..... အိပ်လဲ အိပ်ချင်လာရော နို့တောင်းရောပဲ။ ဒိုးလဲ ဘာမှမပြောနိုင်ဘူး.... သူတို့သားအဖကိုပဲ ထိုင်ကြည့်နေရတယ်။

ပုခုံးပေါ်ထမ်းပြီးလမ်းလျှောက်နေရင်း ငြိမ်းက ဒိုးကို လှမ်းလှမ်းကြည့်နေတာမြင်ရင် ဒိုးက မနေနိုင်ဘူး။

"ဟို....ကိုလင်းရိပ်... ငြိမ်းကို ပေးပါလား...ကျွန်တော်ပဲ သိပ်ပါ့မယ်"

"အိပ်တော့မဲ့ဟာကို...."

"နေပါစေတော့.... ငြိမ်းစိတ်ဆင်းရဲတာ မမြင်နိုင်ဘူး"

ပြောရင်း ငိုသံပါလာတာ့မှ.... အနားကို ရောက်လာတယ်။

"မင်းက.... ဘယ်တော့မှ စကားနားမထောင်ဘူး.... မင်း ပင်ပန်းမှာစိုးလို့ကို"

"ရတယ်....ရတယ်....နေပါ​စေတော့... နာလဲနာပါစေ.... ငြိမ်းငိုတာပိုပြီးပင်ပန်းတယ်"

"ကဲ....သဘော သဘော.... သူ့သမီးကိုနို့ဖြတ်ပါလို့ပြောတာကိုမရဘူး... ဒိုးကလေးကခက်တာပဲ....ငြိမ်းလေး.... ဒယ်ဒီနဲ့လမ်းလျှောက်ပြီး အိပ်မလား.... ပါပါးနို့လား.... ဘယ်တစ်ခုလိုချင်တာလဲ.... ဒါလား...ဒါလား"

ဒိုးကိုလက်ညှိုးထိုးလိုက် သူ့ကိုယ်သူလက်ညှိုးထိုးလိုက်နဲ့မေးတယ်။
ကုတင်ပေါ်ကနေ လူကြီးနှစ်ယောက်ရဲ့အခြေအ​နေကို အကဲခတ်နေတဲ့ ငြိမ်းက ခေါင်းညိတ်ပြတယ်။ ဘာကို ညိတ်တာလဲတော့မသိဘူး။

"ဒယ်ဒီနဲ့အိပ်ချင်တာလား.... ပါပါးနဲ့အိပ်ချင်တာလား"

"ဒယ်ဒီနဲ့ ......ပါပါးနဲ့"

သူ့သမီးလဲ မနိုင်ဘူးနော်...တကယ်ပါပဲ။ ဘယ်ကဘယ်လို ဒယ်ဒီနဲ့ပါပါးနဲ့လဲ။

ဒိုးကလေးWhere stories live. Discover now