Unicode
မကြာဘူး.... ဒိုးကအိပ်ပျော်သွားတယ်။
ဒိုး အိပ်ပျော်သွားတာသေချာမှပဲ လင်းရိပ် ရေချိုးတယ်။ တကယ်ကို အကြည့်လွှဲလိုက်ရင်ကို စိတ်မချဖြစ်ရတဲ့အထိ။ ရေချိုးပြီး ဒိုး အခန်းဆီကို ပြန်ရောက်တော့ ဒိုးအနားမှာ လင်းထည်ရောက်နေပြီ။"လင်းထည်....."
"အေး..... လင်းရိပ်.... မင်းဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ.... ပိုးသားရော.... ထားခဲ့တာလား.. မင်းပြောတော့ တစ်ပတ်လောက်ကြာမှာဆို"
"အေး.... တောင်ကြီးဘက်ဆက်တက်ဖို့ ငါမလိုက်တော့ဘဲ ပြန်လာတာ... ကံကောင်းလို့ပဲ.... ငါ ပြန်သာရောက်မလာရင်......"
လင်းထည်က သူသိတယ်ဆိုတဲ့ပုံစံနဲ့ခေါင်းညိတ်တယ်။
"ပိုးသားရော အဆင်ပြေရဲ့လား"
"ပြေပါတယ်...အဲ့ဒါ ခဏထားပါ.... မင်းကိုငါပြောစရာရှိတယ်...."
"အင်း.... ငါလဲ မင်းကို ပြောစရာရှိတယ် လင်းရိပ်"
ဒိုးကိုလဲစောင့်ပေးရင်းမို့ ဒိုးအခန်းက ဆိုဖာပေါ်မှာပဲထိုင်မိကြသည်။ ကုတင်ပေါ်မှာတော့ ဒိုးအိပ်ပျော်နေတယ်။
.
.
."ငါပြောမယ်..... လင်းထည်"
"အင်း.... မင်းအရင်ပြော...ငါလဲ မင်းကို ပြောစရာရှိတယ်"
"ငါလေ.... ဘားမှာ...ဘားမှာဖြစ်တဲ့ကိစ္စပြီးတော့... ထွက်သာသွားရတယ်.... စိတ်ကကွာ မဖြောင့်ဘူး... ငါအပြစ်ရှိသူလို့အမြဲ ခံစားရတယ်.... ပြီးတော့ ညတိုင်းလိုလို ငါအိမ်မက်မက်တယ်... အိမ်မက်ထဲမှာ ငါမိန်းကလေးတစ်ယောက်ကိုတွေ့တယ်.... တွေ့ပါများတော့ ငါမှတ်မိနေတာ.... ဆံပင်ရှည်ရှည်နဲ့... မျက်နှာက သိပ်အရှင်းဘူး.... ဒါပေမဲ့ သူ့ပုံစံကို ငါမှတ်မိတယ်"
"အင်း...... မင်း အဲ့ညကို ချက်ချင်းမေ့မရတော့... မင်းစိတ်ထဲစွဲနေသလောက်ကို ပြန်မြင်တာပေါ့... စိတ်ပညာအရဆို မသိစိတ်ကမှတ်မိနေသလောက်ကို ပြန်မြင်ရတာပဲ.... မင်းအိမ်မက်ထဲမှာပေါ့"
" နောက်ပိုင်း သိပ်တော့မမက်တော့ပါဘူး.... အရင်ကဆို အိမ်မက်က ညတိုင်းလိုလိုပဲ... "
"အင်း.... မင်းစိတ်က တခြားအလုပ်တွေအတွက်လဲ အချိန်ပေးရသေးတာကိုး....ဒါကြောင့် နောက်ပိုင်း မမက်တော့တာ''
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။