part(40)

29.2K 2.4K 19
                                    

Unicode

အိမ်အောက်ထပ်ဆီမှ မွှေးနေတဲ့ နို့စိမ်းခေါက်ဆွဲနံ့ကိုရသည်။
လင်းရိပ်အလိုလိုပြုံးမိပြန်သည်။

ညက ဒိုးခွံ့ကျွေးတဲ့ခေါက်ဆွဲပြုတ်ကိုစားပြီး မနက်ဖန်လဲထပ်စားမယ်လို့ပြောလိုက်မိတယ်။
Ready made တွေကအမြဲစားတိုင်း မကောင်းဘူးတဲ့။
သူမနက်စောစော နို့စိမ်းခေါက်ဆွဲချက်ပေးမယ်တဲ့လေ။
လိမ္မာလိုက်ပုံများ။

လူကို မကြည်မလင် ဘုတောနေတတ်ပေမဲ့ သဘောလေးကကောင်းပုံပါပဲ...စေတနာလေးလဲ မဆိုးလှဘူး။ အင်း....အပြောအဆိုလေးသာ ပြင်လိုက်ရင်သိပ်ချစ်ဖို့ကောင်းမှာပဲ။ ဒိုးအကြောင်းတွေးရင်း အိပ်ယာထ... ရေမိုးချိုးဖို့ပြင်ရသည်။

ညကအိပ်တာနောက်ကျတော့နောက်ကျပြီး နိုးရတယ်။ ဒိုးအကြောင်းရော ကိုယ့်အကြောင်းတွေပါတွေးမိနေတာ။ လင်းထည်အကြောင်းရောပေါ့လေ။ စိတ်က ​ကြည်လင်လာလိုက် မှုန်မှိုင်းသွားလိုက်နဲ့ ဘယ်လိုမှန်းကိုမသိဘူး။

.
.
.

"မေမေ ...ဒီနေ့ သားကိုခိုင်းစရာရှိသေးလား... မေမေရော အားလား"

ထမင်းစားပွဲထိုင်မိတာနဲ့ လင်းရိပ်ပြောသည်။
အခုနောက်ပိုင်း မေမေ့ဆိုင်ဘက်ကိုသိပ်မရောက်ဖြစ်။
လင်းရိပ် ဒီရက်ပိုင်း အချောထည်လုပ်တဲ့စက်ရုံဘက်ကိုပဲသွားနေတာ။
မကြာခင် ကိုယ်တိုင်ဦးစီးရတော့မှာဆိုတော့... ဆိုင်ထက်ပိုပြီးသွားဖြစ်နေသည်။ ရတနာဒီဇိုင်းတွေကို လင်းရိပ်ကိုယ်တိုင်ဆွဲနေပြီ။
.
.
.

မနက်ဖန် ပိုးသား မြန်မာပြည်ကိုလာမည်။
ပိုးသားက ကိုယ့်နောက်ကိုလိုက်လာရတဲ့သူ။
ဘာဖြစ်ဖြစ်ဧည့်ဝတ်ကျေရဦးမည်။
ကိုယ်က အလုပ်လစ်ဟင်းရမဲ့ရက်တွေအတွက် ကြိုပြီးစီစဥ်နေရသေးတယ်။
များသောအားဖြင့် အချောထည်ဘက်မှာက လူအင်အားလိုနေတတ်သည်။
လင်းထည်လဲ ကူလုပ်ပေးနေပေမဲ့ လင်းထည်ကဆေးရုံတစ်ဖက်ရှိသေးတာ။
ဒီတော့... ပိုးသား လာမည့်ရက်တွေအတွက် ကြိုပြောထားကြရမည်...အလုပ်အချိန်ဇယားကိုပေါ့။

ပြီးတော့....ဒီနေ့...လုပ်ချင်နေတာရှိသေးသည်။

"ဘာဖြစ်လို့လဲ... သား..ဧည့်သည်လာပြီတဲ့လား... မေမေတော့မအားဘူး.. ပစ္စည်းကိစ္စချိန်းထားတာရှိတယ်..."

ဒိုးကလေးWhere stories live. Discover now