Unicode
နောက်တစ်နေ့မှာ.... ပိုးသားကို hotel မှာဝင်ခေါ်ပြီး.... လင်းရိပ်တို့ကားလေးထွက်လာတော့ ညနေခြောက်နာရီ။
ဖြေးဖြေးပဲ နားပြီးမောင်းသွားရင် မနက်စောစောကြီးရောက်သွားမှာ။ပိုးသားက လင်းရိပ်ကို မေးစရာရှိသလိုပုံစံနဲ့တစ်လမ်းလုံးကြည့်လာတယ်။
လင်းရိပ်ကလဲ ပိုးသားကိုစကားပြောချင်တာတွေရှိတယ်။
တစ်လမ်းလုံးပြောလာကြတဲ့စကားတွေက တကယ်ပြောချင်တဲ့စကားဆီ မရောက်သေးဘူးဆိုတာကိုလဲ နှစ်ယောက်လုံးသိတယ်။
.
.
."လင်းရိပ်...."
"အင်း...ပြော...ပိုးသား"
"ငြိမ်းက... ဒိုးကိုပါပါးလို့ခေါ်တယ်နော်.... ဒိုး မွေးထားတာလား"
"အင်း.... ကိုယ်မသိဘူး.... ကိုယ်က ပြန်ရောက်တာမှ မကြာသေးတာလေ... ပြီးတော့ ငြိမ်းမေမေအကြောင်းကို ဒိုးက မေးတာမကြိုက်ဘူး"
ပိုးသားမျက်နှာ ပြုံးတော့သွားသည်။ ငြိမ်းမေမေအကြောင်းကို လင်းရိပ်မသိဘူးဆိုလို့လေ။ ဒါဆို ဒယ်ဒီလို့ခေါ်တာလောက်ကို ပိုးသားမမေးလဲရပါပြီ။
"အော်..... တော်သေးတာပေါ့... မနေ့က ပိုးသား မေးမိတော့မလို့... မေးမိရင် ဒိုးကိုအားနာစရာ"
"အင်း.... သူအရမ်းစိတ်ဆိုးတယ်.... ငြိမ်းမေမေကို သိပ်ချစ်တာလေ... ဒိုးက..."
ဟုတ်တယ်မှလား.... ရွာမှာပန်းလှူတာတောင် ငြိမ်းမေမေအတွက်မို့သူကိုယ်တိုင်အားလုံးလုပ်ပေးတာ။
"ဒိုးနဲ့ငြိမ်းကို လင်းရိပ်မွေးစားထားတာဆို.... ဒိုးအကြောင်းမသိဘဲနဲ့မွေးစားတာလား"
"မဟုတ်ပါဘူး.... ပိုးသား.... ငြိမ်းနဲ့ဒိုးကို တရားစခန်းမှာနေတဲ့ ကိုယ့်ကြီးကြီးက မွေးစားထားတာပါ.... နောက်တော့ ငြိမ်း ကျောင်းတက်ရမှာမို့ ရန်ကုန်ကိုခေါ်လာတာ.... ငြိမ်းက မူကြိုတက်ရတော့မယ်လေ"
"အော်.... အဲ့လိုလား..."
အခုမှပဲ ပိုးသားစိတ်ထဲက မေးချင်တာတွေအကုန်သိလိုက်ရသလိုပါ။
.
.
."အင်း.... ပြီးတော့လေ... ပိုးသားကို ကိုယ်ပြောချင်တာရှိတယ်...."
"ဘာလဲ လင်းရိပ်... ပြောလေ"

أنت تقرأ
ဒိုးကလေး
عاطفيةနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။