part(69)

30.7K 2.2K 25
                                    

Unicode

"ဒိုး.... ဒီနေ့ မင်း ကိုယ်နဲ့ လိုက်ခဲ့ဦး"

မနက်စာစားနေရင်း ဒိုးကိုသူလှမ်းပြောတယ်။

"ဘာလုပ်ဖို့လဲ.... အိမ်မှာလဲအ​​လုပ်ရှိသေးတယ်.... မလိုက်ချင်ဘူး"

"မင်း...သမီးကို ကျောင်းစုံစမ်းရမယ်လေ.... ဒိုး.... တစ်ရက်ကို တစ်ကျောင်းလောက်သွားပြီး စုံစမ်းမယ်.... မင်း ကြိုက်တဲ့ကျောင်းမှာထားပေါ့"

"အဲ့တာက.... ကျွန်တော် နားမလည်ပါဘူး... ကိုလင်းရိပ်ပဲ ကြည့်လုပ်လိုက်ပါလား"

သူနဲ့အပြင်ကို မသွားရဲတော့ဘူးလေ။
ဒိုးက အကြောက်အကန်ငြင်းတယ်။
တစ်ခါသေဖူးပျဥ်ဖိုးနားလည်ရမယ်။
လူကို အပြင်ခေါ်ထုတ်တာ အမြဲလုပ်ချင်တိုင်းလုပ်ဖို့ပဲလို့ထင်မိသည်အထိကြောက်တာ။

"မေမေ....ပြောဦး.... ဒိုးက သားစကားကို နားမထောင်ဘူး...သူ့သမီးကျောင်းကိစ္စကိုတောင် တူတူကူမပေးဘူး"

အန်တီက သူနဲ့ဒိုးကိုကြည့်ပြီး ရယ်နေတယ်။

"ဟုတ်တယ်.... ဒိုးရဲ့.... ဒိုးလဲ လိုက်ကြည့်လေ.... သုံးကျောင်းလောက်တော့ အကြမ်းဖျင်းရွေးထားတယ်.... ကျောင်းတွေကို ဒိုး ကိုယ်တိုင်လိုက်ကြည့်လိုက်ပါဦးလား"

အန်တီကပါ ပြောလာတော့ ဒိုးအားနာမိသည်။
ကိုယ်က ကျောင်းကိစ္စတွေနားလည်တာမှ မဟုတ်တာကို.... သူ့ဘာသူ သွားကြည့်လဲ ရသားနဲ့.... သက်သက်မဲ့လူကိုခေါ်နေသေးတယ်။

"ဟုတ်.... ဒါဆိုလဲ ဒိုး လိုက်ကြည့်လိုက်ပါ့မယ်"

အန်တီပြောတော့ အားနာလို့သာခေါင်းညိတ်လိုက်ရတယ်... သူနဲ့အပြင်သွားရတာစိတ်ကလန့်ပြီးသား။

"ပြီးရော.... မင်းအခု တစ်ခါထဲ လိုက်ခဲ့တော့.... "

"ဟမ်....အခုလား"

"ဟုတ်တယ်လေ.... စက်ရုံကိုအရင်သွားရမယ်.... မင်းလဲ လိုက်ခဲ့...ပြီးမှ ကျောင်းကိုသွားမယ်"

"စက်ရုံကိုရောလား..."

"အင်း...."

"ဟုတ်တယ်...ဒိုးလေး.... စက်ရုံကို လိုက်သွားလိုက်ပါဦး.... ဒိုး လဲတစ်ခါမှ အပြင်မသွားဘူးလေ.... ကိုလင်းရိပ်နဲ့လိုက်သွားပေါ့... ကျောင်းကိစ္စသွားမှ ငြိမ်းကိုလာခေါ်လေ.... အန်တီ ငြိမ်းကို ဆိုင်ကိုပဲ ခေါ်သွားမယ်.... ငြိမ်း ရှိတဲ့ရက်ဆို အရမ်းရောင်းကောင်းတာ"

ဒိုးကလေးWhere stories live. Discover now