🍓🍓🍓🍓🍼🍼🍼🍼
အရေးအသားများအတွက် နားလည်ပေးပါ။
အသက်မပြည့်ရင် မဖတ်စေချင်ပါ။Unicode
ညနေပန်းပင်လေးတွေကြားမှာ ဒိုးအလုပ်ရှုပ်နေပြန်တယ်။
ဒိုး စိုက်ထားတဲ့ပန်းပင်လေးတွေက ပွင့်နေပြီ။
စံပယ်ပင်ဆိုရင် ငါးပင်တောင်စိုက်ထားတာမို့ မနက်ပိုင်း ဘုရားတင်ဖို့ ခူးနေရပြီ။
စံပယ်က ဒိုးအရမ်းကြိုက်တဲ့ပန်းလေ။
မေမေရော.... မမရော အရမ်းပဲ ကြိုက်တာမို့ ဘုရားတင်တိုင်း ပန်းလှူတိုင်း ဒိုးက မေမေနဲ့မမအတွက်ဆုတောင်းတယ်။
ဘဝဆက်တိုင်း ရုန်းကန်ခက်ခဲတဲ့ဘဝတွေ မတွေ့ကြုံပါစေနဲ့လို့ပေါ့။
အေးလေ... မေမေရောမမရော သူတပါးအပေါ်မှာ စိတ်ကောင်းထားသူတွေ... ဘဝကို ရိုးသားစွာ ရိုးရှင်းစွာဖြတ်သန်းပြီး နေထိုင်ခဲ့သူတွေဖြစ်တာကြောင့် နောက်ဘဝ ဆိုတာရှိခဲ့ရင်လဲ ကောင်းရာမွန်ရာနေရာမှာ ရှိနေကြမှာ သေချာပါတယ်။"ပါပါးးးးး"
ပန်းပင်တွေကြားမှာ အလုပ်ရှုပ်နေတဲ့ ဒိုးဆီကို ငြိမ်းရောက်လာတာ။
ဒီနေ့တော့ ပါပါးနားမှာ တနေကုန်နေပေးနေတာ။
ဆိုင်ကို လိုက်မသွားဘူး။ပန်းပင်စိုက်ဖို့နေရာကို သေသေချာချာလုပ်ပေးထားတယ်။ ဟိုတစ်ခါ မြွေတွေ့ပြီးကတည်းက ခြုံတွေ မြက်တွေ တစ်စမှမရှိအောင် ရှင်းပေးထားကြတယ်။
ခြံကကျယ်လွန်းတော့ ဘေးမြေကွက်လပ်ကကိုအသုံးမပြုဘဲထားတာ တော်တော်လေးကိုကျယ်သေးတယ်။
ရေကူးကန်ကိုလဲ ဒီရက်ပိုင်းပြန်ပြင်ပေးမယ်တော့ ပြောနေတယ်။
တလက်စထဲ ပန်းပင်လေးတွေဘေးက မြေကွက်လပ်မှာ ငြိမ်းအတွက်ကစားကွင်းလုပ်ပေးဖို့ ပြောနေကြသေးတယ်။ ဒိုးက ကစားကွင်းတော့လက်မခံဘူး။
ရေကူးကန်ရှိပြီဆိုရပြီပဲ..... စက်ဘီးပတ်စီးရင်လဲ ခြံတစ်ပတ် အကြာကြီးစီးလို့ရတာပဲ။
ငြိမ်းက ကျောင်းလဲတက်ရတော့မှာလေ.... ကလေးပိစိလို ကစားကွင်းမလိုတော့ပါဘူး။ ပြီးတော့ အိမ်ထဲမှာ ငြိမ်းဆော့ဖို့ အခန်းသပ်သပ်တစ်ခန်းရှိတာပဲ။ အိမ်ပြင်မှာထပ်လုပ်ပေးစရာ မလိုတော့ပါဘူး။
ဒိုးက ထပ်ပြီး စိုက်ချင်ပျိုးချင်တာလေးတွေ ရှိသေးတာမို့.... မြေကြီးကွက်လပ်ပဲ ထားဖို့ပြောရတယ်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။