part(46)

27K 2.4K 31
                                    

Unicode

"ဒိုး....ဒိုးတို့သားအဖကို လင်းရိပ်ကမွေးစားထားတာဆို"

"ဗျာ...."

ပိုးသားရဲ့မေးခွန်းက ဒိုးကိုရုတ်တရက်လန့်သွား​စေသည်။ ဟင်.....ဖြစ်ရပြန်ပြီ....သူကပဲ တို့သားအဖကိုမွေးစားထားပြန်တယ်တဲ့... လင်းရိပ်ထင်တစ်ယောက်ဘာတွေ ပြောထားပြန်တာတုန်း။

"ဟုတ်...ဟုတ်ပါတယ်..... ဒါပေမဲ့.... သူတစ်ယောက်ထဲတော့မဟုတ်ပါဘူး.... အန်တီရော ကြီးကြီးရာ ကိုလင်းထည်ရောနဲ့ဆိုင်ပါတယ်"

ဧည့်သည်ရှေ့မှာ သူပြောထားပြီးသားစကားကိုမဆန့်ကျင်ချင်ပါ.. ငြင်းလိုက်ပြန်ရင်လဲ သူ့သိက္ခာကရှိသေးတယ်လေ... ဒါကြောင့် စကားကိုအဆင်ပြေအောင်ပဲပြောရသည်။ ဒိုး ညာပြီးလဲမပြောချင်တာ​ကြောင့်ပါ။

သူက ဘာသဘောနဲ့ ဒိုးတို့ သားအဖကို သူမွေးစားထားသည်ဟု ပြောတာပါလိမ့်။ သူ့ကိုယူရင် အပိုအဆစ်နှစ်ယောက်ပါတယ်လို့ ကြိုပြောထားတာလား.... ဘာလား... ပြီးတော့ ငြိမ်းက ဒယ်ဒီချင်းကိုထပ်လို့ပဲလေ။ ဒိုးကတော့ ငြိမ်းမျက်နှာကိုမြင်ယောင်မိပြီး ရှေ့ကမိန်းကလေးကိုလဲအားနာပါသည်။
.
.
.

"ဒိုးကပွင့်ပွင့်လင်းလင်းရှိလိုက်တာ.... စကားပြောတာလဲ ပြတ်ပြတ်သားသားပဲနော်....ပိုးသား အဲ့လိုမျိုးမှသဘောကျတာ"

ပိုးသားကတော့ အခြေအနေကိုတတ်နိုင်သမျှထိန်းရှာပါသည်။ လင်းရိပ်ထင်တစ်ယောက် ဘာတွေလှိမ့်ထားတယ်လို့များ ထင်သည်မသိ.... ဒိုးကို ပြောရင်း လင်းရိပ်ကို တစ်ချက်ကြည့်လိုက်သေးတာ။ တကယ့်ကို အသံမထွက်ဘဲ ဧည့်မွေးကြမ်းနေတာက ဘေးကတစ်ယောက်။ ပိုးသားနဲ့ဒိုးတို့သာ အလာပသလာပပြောနေကြတာ.... သူကဖြင့် ဝင်ကိုမပြော။

.
.
.

"ပိုးသား....ကိုယ် hotel ပြန်လိုက်ပို့ပေးရတော့မလား... ပိုးသား နားချင်ပြီလား"

တော်တော်လေးကြာမှ သူစကားထပြောတယ်။ ပြောတဲ့စကားကျတော့လဲ ပြန်တော့မလားဆိုတဲ့စကား။ ခက်တော့တာပါပဲနော်။

"အင်း..... ရပါတယ်... လင်းရိပ်သဘော"

ပိုးသားကတော့အေးအေးဆေးဆေးပဲဖြစ်သည်။

ဒိုးကလေးWhere stories live. Discover now