Unicode
ကလေးကိုခေါ်ပြီး ထမင်းစားခန်းထဲမှာထိုင်တယ်။
ရေခဲသေတ္တာထဲရှိသမျှမုန့်တွေကို ထုတ်ယူခိုင်းတယ်။အေးသက်အပါအဝင်ဆို သုံးယောက်ရှိတယ် ကူဖော်လောင်ဖက်က။
ဒိုးရဲ့ပျက်ယွင်းနေတဲ့မျက်နှာကိုကြည့်ပြီး အေးသက်လဲ မသက်မသာကြီးနဲ့ပေါ့။သူ့ကိုခိုင်းနေတာကလဲ အိမ်ကြီးသခင်အရှင်ဘုရားလေ... ခမျာ လုပ်မပေးဘဲ မနေနိုင်ရှာဘူး။ရေခဲသေတ္တာထဲမှာ ငြိမ်းအတွက်ဝယ်ထားတာတွေက အဆင်သင့်ရှိပြီးသား။
တစ်ပတ်တစ်ခါလာတိုင်း ယူလာပေးတဲ့မုန့်တွေပေါ့။ ဒိုးအရပ်ထက်မြင့်တဲ့ရေခဲသေတ္တာကြီးထဲမှာ ငြိမ်းအေးရိပ်အတွက်မုန့်တွေတစ်ပုံကြီး။"ဘာစားမလဲ... ဟင် ငြိမ်း"
"ပါပါး....လာ"
မုန့်ရွေးနေရင်းရွေးလို့မတတ်တော့ ဒိုးကိုလှမ်းခေါ်တယ်။
ခုဏလဲ စားထားသေးတာကို ဘယ်လိုစားနိုင်ပါ့မလဲ။
အချိန်မရှိမှမုန့်ထပ်စားရင် ညစာထမင်းကဘယ်လိုစားမလဲ။"တော်ပြီလေ...ငြိမ်း..ခုဏ..စားပြီးပြီးမှလား"
"ဟင့်...ပါပါး"
ဒါမျိုးမလုပ်တတ်တဲ့ ကလေးပါ။
ငိုမဲ့မဲ့နဲ့ စားတော့စားချင်ပါသေးသည်ဆိုတဲ့ပုံနဲ့ ဒိုးကိုတလှည့် သူ့ဘေးကဟာကြီးကိုတလှည့်ကြည့်သည်။ အားကိုးရှိတာနဲ့ ငြိမ်းပင်ပြောင်းလဲတတ်နေပါပေါ့လား။"ကလေးက စားချင်နေတာကို... တစ်ခုမှမစားရသေးဘူးလေ... အစားကိုပိတ်ပင်ရင် ပြိတ္တာဖြစ်တတ်တယ်ကွ"
တယ်...ဒီ...ငါလေ...စိတ်ရှိတိုင်းသာပြောလိုက်ရင် မကောင်းရှိရော့မယ်။ ပေါက်ကရစကားထွက်ချင်နေပြီဖြစ်တဲ့ ဒိုးပါးစပ်ကိုသာအောက်နှုတ်ခမ်းဖိကိုက်ရင်း ထိန်းထားရတယ်။ ဒေါသက ရေနွေးအိုးဆူသလို ခန္ဓာကိုယ်ထဲမှာပေါက်ထွက်တော့မတတ် တရူးရူး။
"ခင်ဗျားမလာခင်က မုန့်စားနေတယ်လေ... ထပ်ကျွေးတော့ ညနေစာဘယ်လိုစားမလဲ... အစာမကြေရင် ညကျဒုက္ခရောက်မယ်လေ... ဘာသိလို့ပြောနေတာလဲ... ကျွန်တော့်ဘာကျွန်တော် ပြိတ္တာဖြစ်ဖြစ် အသူရကယ်ဖြစ်ဖြစ် ခင်ဗျားအပူမပါဘူး...လာစမ်း...ငြိမ်း"
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။