part(11)

24.4K 2.5K 40
                                    

လင်းထည်က ဆည်းဆာနဲ့ လင်းရိပ်ကို မိတ်ဆက်ပေးချင်ပေမဲ့....အခါအခွင့်ကမကြုံသေး။
ဒါ့အပြင်...လင်းရိပ်ကလဲ ငြင်းလို့သာနေသည်။ လင်းရိပ်ကအဲ့လိုပါပဲ.... လင်းထည်တွဲသမျှကောင်မလေးတိုင်းကို မိတ်ဆက်ပေးမယ်ပြောရင် လက်မခံတတ်။ လင်းရိပ်က မိန်းကလေးတွေအနားမှာသိပ်မနေတတ်သူပင်ဖြစ်သည်။ သူ့စိတ်လွတ်လပ်မှုကိုအရေးထားပြီး ချုပ်နှောင်လိုသောကြိုးများကို ရှောင်တတ်သည်။
.
.
.

တစ်ခါတစ်ရံ...ဆည်းဆာကို လင်းထည်က အိမ်ပြန်လိုက်ပို့သည်။
ဆည်းဆာက အိမ်ထဲကို မဖိတ်ခေါ်သေး။ မိသားစုနှင့်မိတ်ဆက်မပေးသေးပါ။ဘာကြောင့်ပဲဖြစ်ဖြစ် လင်းထည်က ချစ်ရသူစိတ်ချမ်းသာရင်ပြီးရော။ ဆည်းဆာ ကြည့်လုပ်လိမ့်မည်ဟုတွေးထားလိုက်သည်။
ဆည်းဆာကိုယ်တိုင်လဲ ကျောင်းမပြီးသေးတော့....ဘာပဲပြောပြောလက်ထပ်ဖို့ကိစ္စက လိုသေးတာပဲလေ။
ဆည်းဆာကို လိုက်ပို့ရတိုင်း လမ်းထိပ်မှာပဲရပ်ခိုင်းသည်။ လင်းထည်က အေးဆေးပါလေ...ချစ်တာကိုး....နော်။ ဆည်းဆာကို လင်းထည်ချစ်မိခြင်းသည် ဆည်းဆာစကားမှန်သမျှကိုလိုက်လျောပေးခြင်းဖြင့်သက်သေပြသည်။ ဆည်းဆာလိုချင်တာမှန်သမျှကိုဖြည့်ဆည်းပေးခြင်းဖြင့် ဖော်ပြသည်။
.
.
.
.

ကြည်ပြာကျောင်းကပြန်လာရင် လမ်းထိပ်မှာ ဆည်းဆာကို ယောကျားလေးတစ်ယောက် ကားနဲ့ပြန်လိုက်ပို့တာတွေ့ရတတ်သည်။
ဆည်းဆာရဲ့ချစ်သူဖြစ်လိမ့်မည် ထင်ပါသည်။
ကားအကောင်းစားကြီးနဲ့....ကြည်ပြာဘေးကနေ ဖြတ်မောင်းပြီးပြန်သွားတော့ ကြည်ပြာကားထဲကို ခိုးကြည့်မိသေးသည်။ ရုပ်ရည်လဲသန့်သည်။ဆည်းဆာနဲ့ အတော်လေးလိုက်ဖက်သည်ဟု တွေးမိရသည်။ တကယ့်ကိုလိုက်ဖက်ညီသောအတွဲလေးလို့ ထင်ရတာကြောင့် ဆည်းဆာအတွက်ကြည်ပြာသိပ်ကိုဝမ်းသာသည်။ ဆည်းဆာတွဲသောလူတစ်ချို့ကိုမြင်ဖူးခဲ့ပေမဲ့အခုတစ်ယောက်ထက်သာသောသူမရှိခဲ့လို့ထင်ပါသည်။ ဆည်းဆာကို ထိုလူနှင့်ရယ်မောပျော်ရွှင်နေတာတွေ့ရတာမို့ ကြည်ပြာစိတ်ချမ်းသာမိသည်။

.
.
.
ရှေ့ကနေ ဆည်းဆာလျှောက်သွားတာ တွေ့ပေမဲ့ ကြည်ပြာ ပြေးလိုက်ပြီးအတူပြန်တာမျိုးမလုပ်တော့ပါ။
ဘာကြောင့်ဆို.... ဆည်းဆာက ခုနောက်ပိုင်း ကြည်ပြာ တို့အပေါ်မှာ စိမ်းလာသည်။
တစ်အိမ်ထဲနေပေမဲ့ အရင်လို ကြည်ပြာကိုစကားမပြော။ ဆည်းဆာကမိဘများကြောင့် ဒီလိုဖြစ်တာမို့ သူ့စိတ်ခံစားချက်ကိုစာနာနားလည်စွာဖြင့် ကြည်ပြာခပ်မဆိတ်ပင်နေပေးခဲ့သည်။

ဒိုးကလေးWhere stories live. Discover now