part(31)

26.3K 2.4K 62
                                    


Unicode

ကိုလင်းထည်ရဲ့ တောင်းပန်မှုကြောင့်ပဲ ဒိုးကခေါင်းညိတ်ရပြန်သည်။
လင်းရိပ်ထင်က ငြိမ်းကို ချီပြီးထွက်သွားတာကို ငေးပြီးကျန်ခဲ့ရသည်။
တကယ်ကို ငြိမ်းက သူနဲ့တော်တော်တူတာပါ။
ဒိုး ကြာကြာဆက်ပြီးမကြည့်ရဲလောက်အောင်အထိ တူပါသည်။

"ခဏပဲနော်.... ဒိုး.... စိတ္ခ်..... ကိုယ်ရှိတယ်.... ငြိမ်းနားမှာကိုယ်ရှိတယ်"

ကိုလင်းထည်ကပြောပြီးတာနဲ့ သူ့နောက်ကို ပြေးပြီးလိုက်သွားတော့သည်။ ဒိုးမွာသာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ပြီးကျန်ခဲ့ရတော့သည်။
.
.
.
ကားဂိုထောင်ထဲမှာ လင်းရိပ်ရဲ့ကားကရှိနေဆဲ။
လင်းရိပ်က ကားကို အရမ်းရူးသွပ်သူ။
ကားတစ်စီးဝယ်ပြီးပါက အသစ်ထပ်ဝယ်လဲအဟောင်းကိုရောင်းပစ်ဖို့အလွန်တွန့်တိုသူဖြစ်သည်။
ဒါကြောင့်ဂိုထောင်ထဲက လင်းရိပ်အမြတ်တနိုးထားသော ကားကိုလင်းထည်က မကြာမကြာမောင်းပေးပြီး ထား ထားရသည်။ သူက သတိရရင် ဖုန်းဆက်ပြီး သူ့ကားကိုမေးသေးတာ။

တီလေးက ကားဟောင်းတွေရောင်းပစ်တိုင်း လင်းရိပ်ကဒေါကန်တယ်။ အခုတော့ ဒီတစ္စီးပဲ လင်းရိပ်ကသိမ်းထားတော့တာ။ ဒီတစ္စီးက သူအကြိုက်ဆုံးဆိုတော့ တီလေးလဲသိမ်းထားပေးတာ။
.
.
.

ကားကိုခြံထဲမှာပဲ ခဏမောင်းမယ်ထင်နေတာကို.... လင်းရိပ်က အပြင်ထွက်ကိုမောင်းထွက်လာခဲ့ပြီ။

"ဟေ့ကောင်..... ဘယ္ကိုလဲကြ...."

"ဟိုနား.... ဒီနားပေါ့..."

"ကေလးပါလာတယ္ကြ.... ဒိုး စိတ္ပူနေမယ်"

"အဲ့ဒီ ဒိုးက တစ်မျိုးလေးနော်.... သူ့စိတ်ကြီးပဲ... သိလား လင်းထည်"

"ဟေ့ကောင်.... သူ့သမီးပါလာတယ်.... စကားပြောတာ ကြည့်ပြော.... ပြန်ပြောလိမ့်မယ်"

လင်းထည်က ငြိမ်းပါးပြင်ကိုဖွဖွနမ်းရင်းသတိပေးရသည်။
ငြိမ်းက မျက်လုံးရွဲကြီးတွေနဲ့ ကြည့်နေသည်။
ငြိမ်းအကြောင်း လင်းထည်သိသည်။
လူကြီးတွေရဲ့ စကားအသြားအလာကို ငြိမ်းကနားလည်နေတတ်သည်။ လင်းထည်လဲ ဒိုးအကြောင်းသိချင်တာရှိရင် ငြိမ်းကိုချော့မေးခဲ့ရတာ။ ပါပါးကို ပြန်မပြောနဲ့ဆိုတဲ့စကားကိုဆို ပြန်မပြောရဘူးလို့သိတယ်။
ပြန်မပြောနဲ့လို့ မပြောထားသမျှစကား အကုန်လုံးကိုလဲသူ့ပါပါးကို ဖောက်သည်ချတတ်သေးတာ.... ဦးထည်ကလေဆိုပြီးတော့....။

ဒိုးကလေးWhere stories live. Discover now