part(41)

25.3K 2.4K 17
                                    

Unicode

ငြိမ်းကတော့ သူ့ထက်ထက်နောက်ကိုလိုက်သွားတယ်။
အိမ်မှာ မနက်ပိုင်းထမင်းစားမဲ့သူနည်းသွားပြီ။
အေးသက်တို့ပဲရှိတာ။
ညစာအတွက်ပဲ အေးသက်တို့ကိုမှာရတယ်။

ဒိုးရောက်လာတော့ အေးသက်လဲတကယ်ကိုသက်သာပါတယ်။
အရင်ကဆို မီးဖိုခန်းကိုအေးသက်ရဲ့ကြီးဒေါ်က စီမံပေးတာ.. ဘာဟင်းချက်မယ်...ဘယ်လိုအတွဲအစပ်ချက်မယ်ဆိုတာကို...ကြီးဒေါ်ကကျွမ်းကျင်တယ်။
ဘယ်သူဘယ်ဟင်းကြိုက်တတ်တယ်ဆိုတာလဲသိတယ်။
ကြီးဒေါ်ရွာပြန်သွားတော့ အေးသက်မှာ သောကရောက်နေရတာ။ ဟင်းအတွဲအစပ်တွေကို အေးသက်မကျွမ်းကျင်ဘူး။ တစ်ခါတစ်လေ အနားယူချင်လို့ရွာကိုပြန်သွားတဲ့ ကြီးဒေါ်ကိုဖုန်းဆက်ပြီးမေးရသေးတာ။
ခုတော့ ဒိုးက ကြီးဒေါ်လိုပဲ... စီမံတတ်တယ်။
.
.
.

"အေးသက်ရေ..."

"ရှင်...ကိုလေးဒိုး..."

"ကျွန်တော် ရွာကိုခဏပြန်ရမယ်... ရှိတဲ့ဟင်းလက်ကျန်လေးတွေနဲ့ မနက်စာစားလိုက်ကြတော့နော်"

"ဟုတ်...ကိုလေးဒိုး..ညစာကရော..ဘာလုပ်ရမလဲ... ဘယ်ချိန်လောက်ပြန်ရောက်မလဲ... ကိုလေးဒိုးတို့က..."

"အရမ်းမကြာပါဘူး... ပစ္စည်းတွေက သိမ်းပြီးသားပါ... ရန်ကုန်နဲ့လဲမဝေးပါဘူး...ညနေ ပြန်ရောက်တာစောမှာပါ"

မီးဖိုခန်းထဲက ဟင်းလက်ကျန်တွေ... အခြောက်ချက်ထားတဲ့ဟင်းတွေကို အရင်ကြည့်ရတယ်။

ကြက်မွှကြော်ကျန်သေးတယ်။
ငဖယ်ငဆုပ်ကိုအသင့်ချက်ရုံပဲ စီးနေအောင်ပေါက်ပြီး ပြုတ်ထားတာရှိတယ်။ ကိုယ်တိုင်လုပ်တာ ချိုလို့ပဲ..လတ်မှလတ်.. ဟင်းချိုခတ်သောက်လို့လဲရတယ်..ချက်ချင်ရင်လဲအဆင်သင့်ပဲ။
ငါးခြောက်ဖုတ်လဲရှိတယ်... ဆတ်သားခြောက်ဖုတ်လဲရှိ​သေးတယ်။

"မနေ့က ကျန်တဲ့ကြက်သားဟင်းကို ကုန်အောင်စားလိုက်ကြတော့...ပြီးရင် မုန်ညင်းလေးကိုကြက်အူချောင်းနဲ့စားခါနီးမှကြော်စားကြပေါ့"

"အေးသက်တို့အတွက် စိတ်ချ...ကိုလေးဒိုး.... ဒီနေ့ ငပိရည်ကြိုပြီး တို့စရာအစုံနဲ့စားမှာ.. ငပိကြော်မကုန်သေးတော့ စားနေရတာနဲ့ ငပိရည်မစားရတာကြာပြီ.. ဒီနေ့တော့ ငပိရည်နဲ့..... ဟဲ ဟဲ.... ထမင်းမြိန်ပြီ"

ဒိုးကလေးWhere stories live. Discover now