part(72)

30.8K 2.2K 38
                                    

Unicode

ဒိုးတို့အိမ်ကိုပြန်ရောက်တော့.... ညနေ ခြောက်နာရီလောက်ရှိပြီ။
ဒိုးရဲ့ ဆေးစစ်တဲ့အဖြေတွေကို သိချင်နေတဲ့အန်တီ့ကိုလဲရှင်းပြရသေးတာ။

ခဏနားပြီး ညစာစားကြတယ်။
သူ.... မလာသေးဘူး။
ခြံထဲမှာလဲ သူ့ကားကိုမတွေ့ဘူး။
ပြန်မလာသေးတာပေါ့။

"တီလေး... လင်းရိပ်ပြန်မလာ​သေးဘူးလား"

"ပြန်မလာသေးဘူး သားငယ်... နောက်ကျမယ်လို့တော့ပြောတာပဲ"

အော်.... သူကဖြင့်အားတာမဟုတ်ဘဲနဲ့ ဆေးခန်းလိုက်မှာလေးဘာလေးလုပ်နေသေးတာ...အပိုတွေပေါ့။ ဒိုး တို့က နည်းနည်းမှောင်မှ ပြန်ရောက်လာကြတာဆိုတော့ သူ့ကိုအိမ်မှာရောက်နေပြီပဲထင်နေမိတာ။

ထမင်းစား...စကားလေးဘာလေး ပြောကြနဲ့ ဧည့်ခန်းမှာထိုင်ကြသေးတယ်။
မိသားစုဆုံချိန်ဆိုတာကလဲ ဒီအချိန်ပဲရှိတာကိုး။ အန်တီတို့က မိသားစုဆုံချိန်လေးတွေကိုတန်ဖိုးထားပြီး စကားပြောတာကိုအလေးထားကြတယ်။ ဒိုးလဲအတူနေထိုင်ရင်းသိလာရတာတွေပေါ့။ ဆိုင်အကြောင်း ကျောက်အကြောင်း ကမ္ဘာ့ရွှေစျေးတွေကအစ ကိုလင်းထည်ရဲ့ဆေးရုံကအ​ကြောင်းတွေအဆုံးပေါ့... မရိုးအောင်ပြောကြတယ်။

ဒီအကျင့်လေးကလဲကောင်းတာပါပဲ။ မိသားစုတွေကချမ်းသာပြီး ကိုယ်စီအလုပ်များတာကြောင့် မိသားစုစကားဝိုင်းလေးသာမရှိရင် ကိုယ့်ကိစ္စကိုယ်လုပ်ရင်းစိမ်းသက်သွားကြမှာပေါ့။ နေ့တိုင်းမျှဝေစရာအကြောင်းတွေရှိရင် ရင်းနှီးနွေးထွေးတယ်လေ။ ဒါတောင် ဒီနေ့ သူမရှိဘူး။

အန်တီကတော့ ဒိုးကိုသိပ်ပြီးပင်ပန်းတာမလုပ်ဖို့နဲ့ စိတ်ကိုလဲပေါ့ပေါ့ပါးပါးထားဖို့ပဲပြောတယ်။ တကယ် ကျေးဇူးတင်ရပါတယ်။ လုံခြုံပြီး နွေးထွေးတဲ့မိသားစုပါ။ ဟန်ဆောင်တာမျိုးမရှိဘူး။ ဟိတ်ဟန်မရှိဘူး။ချမ်းသာတဲ့မိသားစုတွေကို အလိုလိုကြောက်တတ်တဲ့ ဒိုးတောင် ဒီအိမ်မှာနေသားကျပြီးပျော်နေပြီ။
.
.
.

ငြိမ်းနဲ့တူတူ အ​ပေါ်ကိုတက်လာတော့ ရှစ်နာရီကျော်နေပြီ.... သူ ပြန်လာတာ မကြားရသေးဘူး။
ငြိမ်းအိပ်ပျော်ပြီး မကြာဘူး.... သူ ဒိုး အခန်းထဲကိုဝင်လာတယ်။ ရေချိုးပြီးနေတဲ့ပုံပါပဲ။

ဒိုးကလေးWhere stories live. Discover now