part(56)

29.4K 2.3K 89
                                    

Unicode

မုန့်နဲ့ကွေကာစားပြီး ဒိုးအတော်လေးသက်သာပြီးအဆင်ပြေလာတယ်။
တော်သေးတာက.... စိတ်ပင်ပန်းနေချိန် လန့်သွားရုံပဲဖြစ်တာမို့။
ကိုလင်းထည်ပြောသလို ပေါ့ပေါ့ပေပေနေလို့တော့မဖြစ်သေးဘူး။
ဆေးကုရမယ်.... ငြိမ်းအတွက်ပဲ ဖြစ်ဖြစ်ကျန်းမာရမယ်မှလား။

ကိုယ်လက်သန့်စင်ဖို့ ဒိုး ရေချိုးခန်းဆီထတော့ သူလဲ လိုက်မယ်လုပ်ပြန်တယ်။

"ဒိုး.... အိပ်တော့မလား"

"ဟင့်အင်း... ရေချိုးခန်းဝင်ဦးမယ်"

"လိုက်ပို့မယ်လေ"

"ရပါတယ်.... မပို့နဲ့"

"ဒိုးကလဲကွာ...."

"လုပ်ပြန်ပြီ.... ကျွန်တော် ကလေးလားလို့.... ခင်ဗျား ဘာဖြစ်နေတာလဲ"

သူ့မျက်နှာကမှောင်ရီမှိုင်းပြီး ဒိုးကိုပဲ ဆွေးဆွေးငေးငေးကြည့်နေတယ်။
မသိရင် ကိုယ်ကြောင့်ပဲ သူကနစ်နာနေသလိုလို။ သူပဲ တစ်ခုခုခံစားနေရသလိုလို။ လက်စွပ်ကိစ္စကြောင့် ဒိုးကပဲ စိတ်ကိုလျှော့ရတယ်။

"တကယ်ပြောနေတာပါ.... သက်သာပြီ.... သွားလို့ရပြီ... သွားပြီး နားပါတော့လား"

"ကိုယ်.... ကိုယ် ဒိုး နားမှာပဲနေလို့မရဘူးလား"

အသံကလဲ ဖြစ်ပျက်နေလိုက်တာ။

"ဘာဖြစ်လို့တုန်း..... နားတော့လေ.... အိပ်တော့လေ.... ကိုယ့်အခန်းကိုယ်ပြန်ပြီး နားတော့လို့ဆို.... ကျွန်တော် တကယ်သက်သာနေပြီ"

ဒိုးလဲ လေသံမမာနိုင်တော့ပါ။ အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန်ပြောရတယ်။ သူက ဘာဖြစ်နေမှန်းမသိဘူး... တကယ်ကိုပဲ။ အဆိုးဆုံးက သူ့အကြည့်တွေ။

"ဟင်.... ကျွန်တော်သက်သာနေပြီ... သွားပြီး နားလိုက်ဦး... လိမ္မာတယ်...နော်"

"ဟင့်အင်း...ဘယ်မှမသွားချင်ဘူး.. ကိုယ် လိမ္မာတယ်ဆိုရင် ဒိုး နားမှာနေခိုင်းလေ"

နည်းနည်းမှ ချော့လို့မရဘူး။ လင်းရိပ်ထင်က ဇွတ်.... သူဖြစ်ချင်တာကိုပဲ သူသိတဲ့ ဇွတ်သမား.... ဒါကို ချော့နေမိတာက ဒိုးအမှား။ အဲ့တော့ ဒိုးလဲလေသံပြန်ပြီးမာရပြန်ရော။

ဒိုးကလေးWhere stories live. Discover now