part(47)

28.1K 2.4K 70
                                    

Unicode

တီ... တီ..... တီ...

ခြံရှေ့မှ ကားဟွန်းတီးသံ.... ကိုလင်းထည်ပြန်လာပြီ။

ကိုလင်းထည်ကားလေးအိမ်ရှေ့ဆင်ဝင်ကိုရောက်တာနဲ့.... ဒိုး ထိုင်ရာမှထကာ အပေါက်ဝထိသွားကြိုသည်။ တကယ်က ကိုလင်းထည်ကို ပြောစရာရှိနေတာ။
ပိုးသားရှေ့မှာ အားနာသလိုဖြစ်နေပြီ။ ဒါကြောင့် ကိုလင်းထည်ကို ပြေးကြိုမိတာ။ ကိုလင်းထည်နဲ့အတူတူ အန်တီလဲ ပြန်ရောက်လာသည်။
ဒီတော့မှ ဒိုး စိတ်သက်ရာရပြီးသက်ပြင်းမောကိုချမိရသည်။

ဟုတ်တယ်လေ.... အိမ်မှာ ဒိုးပဲ အိမ်ရှင်လုပ်ပြီးဧည့်ခံနေရတာစိတ်ညစ်လှပြီ။
ဧည့်သည်ကိုလဲ အားနာတယ်.... အစကတည်းက ဒိုးက လူတွေကို ​ရှောင်တတ်တဲ့သူလေ... အခုကြိုးစားပြီး ဧည့်ခံပေးနေရတယ်။ သူခေါ်လာပြီး သူက ဦးဆောင်ပြီး ဧည့်ခံပေးရင်လဲကောင်းသား.... ကိုယ်ကဘေးက လိုအပ်တာလုပ်ပေးရုံပဲလေ။ ခုက ရေထခပ်ပေးတာကို အတင်းဆွဲလိုဆွဲ... ငြိမ်းကမာမီခေါ်တာကို မျက်နှာပျက်ပြီး တီတီခေါ်ခိုင်းလိုခိုင်းနဲ့.... သူပဲ ရုပ်ပျက်သည်။
ပိုးသား နေတတ်လို့ပဲတော်သေးတာ။ ဒါ​ကြောင့် ပိုးသားနေတတ်လေ ဒိုးကအားနာလေ။ ဒိုးအားနာမှန်းသိတော့ ပိုးသားကထိန်းသည်။ ဧည့်ခန်းထဲမှာ ပိုးသားနဲ့ဒိုးပဲ ချာလပတ်လည်နေတာ။ သူကအေးရာအေးကြောင်း။

အခုပဲ ကြည့်.... ပြန်တော့မလားတဲ့လေ။
ပိုးသားကို ဒိုး အားနာမိသည်။
ပိုးသားက သူ့ချစ်သူလို့ ဒိုးကို ပြောခဲ့တာလဲ သူပဲ။
အိမ်ရောက်မှ ဆက်ဆံတာက ချစ်သူမဟုတ်သလိုလို ဘာလိုလိုနဲ့လုပ်နေတာလဲ သူပဲ။
ဘာလဲ ရှက်နေပြန်တာလား... သူ့ကြည့်တော့လဲ ရှက်တတ်ပုံမရပါ။
အန်တီရော ကိုလင်းထည်ပါပြန်လာတာပိုကောင်းသည်။ သူလုပ်နေပုံနဲ့ဆို ကြာရင် ဒိုး ရူးဖို့ပဲရှိတော့တယ်။
.
.
.

"ဟော.... အန်တီတို့တောင် ပြန်လာပြီ"

ကိုလင်းထည်နဲ့ အန်တီက ဧည့်ခန်းမှာထိုင်သည်။
ဖော်ရွေပြီး နွေးထွေးတဲ့အပြုံးတွေနှစ်ယောက်လုံးမှာရှိသည်မို့ ပိုးသားအစား ဒိုးကပဲ စိတ်သက်သာမိပြန်သည်။ ဟုတ်ပါတယ်.... ဟောသည်အိမ်မှာ အိမ်ရှင်တွေအားလုံးက အေးဆေးကြသူတွေပါ။ ဧည့်ဝတ်ကျေကြသူတွေပါ။ တစ်စုံတစ်ရိပ်ကလွဲရင်ပေါ့လေ။
.
.
.

ဒိုးကလေးحيث تعيش القصص. اكتشف الآن