part(13)

23.8K 2.4K 48
                                    

Unicode

"ဘယ်လို.....ဒါဖြင့် သူမဟုတ်ဘူးလား"

ဆိုဖာမှာထိုင်ကာဖုန်းပြောနေရင်း ဆည်းဆာရဲ့အော်သံကြောင့်မီးပူတိုက်နေရင်း ကြည်ပြာလန့်သွားသည်။ ဘာဖြစ်ပြန်ပြီလဲ။

*အေး....ငါလဲ အစကမသိဘူး....လင်းထည်က မွေးစားသားတဲ့.... သားအရင်းတစ်ယောက်ရှိသေးတယ်တဲ့*

"ဟာ....ဘာတွေလဲကွာ.....ဒါဆို နင် ငါ့ကို လူမှားပြီးမိတ်ဆက်တာပေါ့.... နင်ပဲ မိတ်ဆက်ပေးတော့ ထင်ရှားကျော်ကြားရတနာဆိုင်ရဲ့သားဆို......ခုမှ ဘာကို ​မွေးစားသားလဲ"

ဆည်းဆာ အသံသည်ဒေါသအတော်ထွက်နေသည့်အသံ...

"သားအရင်းနာမည်က...လင်းရိပ်ထင် ဟုတ်လား....ငါနဲ့မိတ်ဆက်ပေးမယ်လို့ ပြော ပြောနေတဲ့တစ်ယောက်က သားအရင်းပေါ့....အေး...ပြီးရော...ဒါပဲဟာ....ငါစိတ်ရှုပ်သွားပြီ တစ်ခုခုစီစဥ်ရတော့မယ်"

ပြောပြီးဖုန်းချလိုက်သည်။
မှုန်ကုတ်ကုတ်နဲ့ထိုင်နေတဲ့ဆည်းဆာကြောင့် ကြည်ပြာလုပ်လက်စကိုပဲ အာရုံစိုက်လုပ်နေလိုက်တော့သည်။

ဆည်းဆာပြော ပြောနေတာကြားမိတာတော့ လင်းထည်ဆိုတာ ဆည်းဆာကောင်လေးပင်။ ဒီရက်ပိုင်း ဆည်းဆာဖုန်းပြောတိုင်း မကြားချင်မှအဆုံးနာမည်တစ်ခုသည် လင်းထည်ဆိုတာပဲဖြစ်သည်။ ဘေးကကြားရတဲ့ ကြည်ပြာပင်မှတ်မိနေတဲ့အထိ။

ဒါဆို လင်းရိပ်ထင်ဆိုတာက......
ကြည်ပြာ ခေါင်းကိုရမ်းကာဆက်မတွေးတော့။ ဆည်းဆာပြောပုံအရဆိုရင် လင်းရိပ်ထင်ဆိုတာ အဲဒီတစ်ယောက်ပဲဖြစ်မှာ။ သူ့နာမည်က သူနဲ့လိုက်ဖက်တယ်။ နာမည်ကြားရင်လူကိုမြင်နိုင်ပြီး လူကိုမြင်ရင်နာမည်အထိသိနိုင်လောက်အောင် လူရောနာမည်ရောခပ်မြင့်မြင့်ပင်။

ပထမဆုံးရင်ခုန်သံကို ကြည်ပြာဒီလိုပဲ ရင်ထဲကမောင်းထုတ်နေမိသည်။ ကိုယ့်ကိုယ်ကိုင်အလိုက်မလိုက်ရဲပါ။ တွေးမိတဲ့အ​တွေးကိုဆက်တိုက်မောင်းထုတ်နေရသည်။ ရင်ထဲမှာတော့ထိုနာမည်သည် အထပ်ထပ်အခါခါမြည်ဟိန်းနေတော့သည်။သို့သော် သူ့မျက်နှာနှင့်သူ့နာမည်သည် အလွန်မေ့ပစ်ချင်နေသောကြည်ပြာရင်ထဲမှာတဝဲလည်လည်သာ ဖြစ်နေတော့သည်။

ဒိုးကလေးWhere stories live. Discover now