part(15)

25.7K 2.4K 82
                                    

Unicode

သူ....ဟူသောအသိ....ကြည်ပြာ ရင်ခုန်သံကိုအစပြုခဲ့မိသည့်တစ်ယောက်ထဲသော သူ ဆိုသောအသိကြောင့် ကြည်ပြာ တစ်ကိုယ်လုံးအားမရှိသလိုပင် ပျော့ခွေလာတော့သည်။

ရုန်းကန်ပါသေးသည်။
ဒီအခြေအနေကို ကြောက်လွန်းလို့ ကြည်ပြာ ရုန်းပါသေးသည်။
သို့သော် ကြည်ပြာအားနှင့်သူ့အားသည်အရမ်းကွာသည်။
ဒါ့အပြင်....သူ...ဆိုးသွမ်းနေပုံက ကြောက်စရာ။
ကြမ်းပြင်ပေါ် ပုံရက်သားကျနေတဲ့ ကြည်ပြာကိုပွေ့ပြီး ဆိုဖာပေါ်တင်သည်။
ကြည်ပြာရုန်းထသော်လည်း အပေါ်က ဖိကျလာတဲ့ သူ့ကြောင့်....ချောက်နက်ထဲသို့ ကြည်ပြာ ​နောက်တစ်ကြိမ်ပြုတ်ကျသွားပြန်သည်။
နောက်ဆုံးတော့ ကြည်ပြာ သူ့မျက်နှာကိုသာ ငေးကြည့်ရင်း ဘာမှမတတ်နိုင်တော့။

.
.
.
.

ကြည်ပြာ ဆေးရုံကိုပြန်ရောက်တော့ ည ဆယ်နာရီကျော်လေပြီ။
ဒိုးက မျက်နှာလေးကိုငယ်လို့ ကြည်ပြာ့ကိုမျှော်နေရှာတာ။
ကြည်ပြာ မျက်နှာမပျက်စေရဘဲ ဒိုးကိုရင်ခွင်ထဲဆွဲသွင်းသည်။ ဒိုးကိုသာ တင်းတင်းကျပ်ကဖပ်ဖက်တွယ်ပြီး ကြည်ပြာငိုမိသည်။

"ဘယ်တွေ သွားနေတာလဲ ကြည်ပြာ "

ဒီတော့မှ အခန်းထဲတွင် ဆည်းဆာရှိနေသည်ကို ကြည်ပြာသတိထားမိတော့သည်။
ေသြာ်....ဆည်းဆာ....ရောက်လာပြီပဲ....နင်ရောက်လာပြီပဲ။
ကြည်ပြာဆည်းဆာကို နာကျည်းစွာတစ်ချက်ကြည့်လိုက်သည်။

"ကြည့်မနေနဲ့...ငါ ဖေဖေ့ကို ဖုန်းဆက်ထားပေးတယ်...မနက်ဖန်လာလိမ့်မယ်....ပြီးတော့ မေမေ့ကို အထူးခန်းရအောင်လုပ်ပေးထားလိုက်အုံး...ငါ မနက်ဖန်မှလာတော့မယ်...နင် ဒီညစောင့်လိုက်"

ပြောပြီး.....ပြေးထွက်သွားတော့သည်။
အမေထက်အရေးကြီးတာ ဘာများပါလိမ့်။
အန်တီမူကို ကြည့်ရင်းကျလာသည့်မျက်ရည်ကို ကြည်ပြာသုတ်သည်။

ဒီနေ့ ကြည်ပြာကြုံတွေ့ခဲ့ရတာတွေသည် ဝဋ်ကြွေးလား... တိုက်ဆိုင်ခြင်းလား... ကံကြမ္မာအတိုင်းလား။ ကြောက်လန့်နေရင်းကြားက သူ့ကို ကြည်ပြာကြည်ဖြူခဲ့မိတာလား။ ဒီလိုအခြေအနေကို ကြည်ပြာမလိုချင်ပါ။ သူ့ရှေ့ကို ဘယ်တော့မှ ကြည်ပြာမရောက်ရပါစေနဲ့တော့။ ဒီဘဝမှာဒီမျှသာ သူနဲ့ကြည်ပြာဆုံပါရစေတော့လို့ အထပ်ထပ်အခါခါဆုတောင်းပါသည်။ ကြည်ပြာ့အသည်းတွေ မွကြေပျက်စီးသွားပြီဖြစ်သည်။ သူ့ရှေ့ကိုရှက်ရွံ့ဖွယ်ကောင်းသောပုံစံနှင့် ဘယ်တော့မှမရောက်လိုတော့ပါ။
.
.
.

ဒိုးကလေးWhere stories live. Discover now