part(42)

26.2K 2.3K 51
                                    

Unicode

တစ်လမ်းလုံး သိပ်ပြီးစကားမပြောဖြစ်ကြတော့ဘူး။
ဒိုးက စိတ်ကိုတည်ငြိမ်အောင်ထားနေရတယ်။
ကိုလင်းရိပ်လဲ ကားကိုအာရုံစိုက်မောင်းရင်း ငြိမ်းအကြောင်းပဲတစ်ချက်တစ်ချက်မှ ထပြောတယ်။ ပြောလိုက်တိုင်း ငြိမ်းသိပ်ကိုလည်ကြောင်းတွေပဲပြောတာပါ။ ငြိမ်းအကြောင်းပြောတိုင်းမှာ သူ့လေသံတွေက နူးညံ့ချိုမြနေတာ ဒိုးသတိထားမိပါတယ်။

ငြိမ်းအကြောင်းပြောပြတော့လဲ ဒိုးမှာရယ်နေရတယ်။
ငြိမ်းက တစ်ခါတစ်လေးဆိုင်ကိုလိုက်သွားတတ်တယ်။ တစ်ဆိုင်လုံးကတော့ ငြိမ်းရဲ့ပရိသတ်ဖြစ်နေပါပြီ။ ဆိုင်ကိုလိုက်သွားရင် ... ဆိုင်က ကလေးမတွေရှေ့ဆိုရင် မမတို့ကိုချစ်တယ်လုပ်လာခဲ့ပြီး အိမ်ရောက်ရင် အေးသက်တို့ကိုချွဲတာ။ မမတို့ကို ငြိမ်းသတိရနေတာက အသက်။
ငြိမ်းက အဲ့လိုပါဆို။
.
.
.

ကြီးကြီးတို့ကျောင်းကိုရောက်တော့ နေ့လည်ထမင်းစားချိန်ပဲ။
ကြီးကြီးကို အနီးကပ်ပြုစုတဲ့ယောဂီလေးတွေ ထမင်း ဟင်း ဗန်းတွေနဲ့ကြီးကြီးအခန်းကပြန်ထွက်လာတာကိုတွေ့တယ်။

"အော်...ကိုဒိုး...မတွေ့တာကြာပြီနော်"

"အော...ဟုတ်ကဲ့ခင်ဗျ..."

ဒိုးကိုနှုတ်ဆက်တဲ့ ယောဂီကလေးမကို ဒိုးလဲပြန်ပြီးနှုတ်ဆက်ပါတယ်။
ကိုလင်းရိပ်လဲ ကြည့်နေတယ်။
တကယ်က ဒီကလေးမက ဒိုးတို့ရွာက ကလေးမမို့လို့ဒိုးကိုသိနေတာ။ သူနှုတ်ဆက်ပုံက မသိရင် ဒိုးနဲ့ ကြီးကြီးကျောင်းမှာခင်သလိုလို ဘာလိုလိုပဲလေ။
ကိုလင်းရိပ် ဘာမှမပြောပါဘူး... တစ်ချက်ပဲ ကြည့်ပြီး သယ်စရာရှိတာတွေကို သယ်တယ်။ ဒိုးလဲ ယောဂီမလေးကို စကားစဖြတ်ပြီး ဝိုင်းကူသယ်ရတယ်။ စကားမဖြတ်လို့မရဘူး.... ကလေးမကရွာကအကြောင်းတွေ ပြောရင်းပြောရင်းပါလာလို့။
.
.
.

"ကြီးကြီး..."

"လင်းရိပ်...လာ...လာ... ကြီးကြီးသားလေး...မတွေ့ရတာကြာပြီ....လာ... ထိုင်ကြ...ဒိုးလဲထိုင်"

နှစ်ယောက်သား ကြီးကြီးကိုကန်တော့ရတယ်။
ကြီးကြီးကတော့ ဘယ်ချိန်ကြည့်ကြည့် တည်တည်ငြိမ်ငြိမ်ပါပဲ။
တူဝရီးနှစ်ယောက် မတွေ့တာကြာတော့ စကားကမပြတ်ကြဘူး။
ကြီးကြီးက ငြိမ်းကိုလဲမေးနေသေးတာ။
ငြိမ်းအကြောင်းကတော့ ဒိုးပြောရတယ်မရှိပါဘူး။
သူချည်းပဲ ပြောနေတော့တာ။
ကြီးကြီးက သဘောကျနေတာပေါ့။
ဒိုးကိုလဲ ပြုံးပြီးကြည့်နေတယ်။
ကြီးကြီးအကြည့်တွေက ဒိုးစိတ်ချမ်းသာရဲ့လားလို့မေးနေသလိုပါပဲ။

ဒိုးကလေးWhere stories live. Discover now