part(81)

31.7K 2K 63
                                    

Unicode

နှစ်ရက်လောက်နားနေတယ်ဆိုရင်ပဲ ဒိုး နေမကောင်းတာတွေသက်သာပြီ။
သက်သာပြီဆိုတာနဲ့ မီးဖိုခန်းကိုဝင်တော့တာပဲ။
အလုပ်မရှိဘဲနေရတာက ပိုပြီးပင်ပန်းသေးတာ။
ဘာမှမလုပ်နဲ့ .....ပင်ပန်းမခံနဲ့ ပြောတိုင်းလဲထိုင်နေလို့က မဖြစ်သေးဘူးလေ။ ဒီလို သက်တောင့်သက်သာနဲ့အပူအပင်ကင်းတဲ့ဘဝမှာနေရမှတော့ ဒိုး ဘက်ကလဲသိတတ်ရမည်။ ဒါမေမေနဲ့မမတို့ကျင့်သုံးသွားတဲ့ ကိုယ်ကျင့်တရားတွေထဲက တစ်ခုပဲဖြစ်သည်။ ကျေးဇူးသိတတ်ရမည်။ ကျေးဇူးကိုလဲမြင်အောင်ကြည့်တတ်ရမည်။
.
.
.
လင်းရိပ် အိပ်ယာကနိုးလာတော့.... ဒိုး အောက်ထပ်ကိုရောက်သွားပြီ။
ဘေးမှာ ငြိမ်းကအိပ်မောကျနေဆဲ။

လင်းရိပ်ရယ်.... ဒိုးတို့သားအဖအခန်းကိုပြောင်းပြီးအိပ်နေတာ။ ကြာပေါ့။
ဒိုး နေမကောင်းတာကိုအကြောင်းပြပြီး ညဘက်စိတ်မချဘူးဆိုပြီးဝင်အိပ်နေတာ။
လင်းထည်ကတော့ ပြောပါတယ်..... မင်းကိုပဲ စိတ်မချရတာ.... ကျန်တာအကုန်စိတ်ချရတယ်တဲ့။ ပြောလဲ ပြောပေါ့.... မကြားချင်ယောင်ဆောင်ပြီးပဲ ဒိုးနဲ့တူတူပြောင်းနေတယ်။

မေမေ့ကိုလဲ ပြောထားပြီးပြီ.... ဒိုးနဲ့အမြန်ဆုံး လက်ထပ်ချင်တယ်လို့။
မေမေက လင်းရိပ်သေချာပြီလားဆိုတာတစ်ခုပဲမေးတယ်။
သေချာတာပေါ့.... အရမ်းသေချာနေတာကို... မေမေ ပိုပြီးနားလည်ပေးနိုင်အောင် ပြောပြလိုက်ပါတယ်။ ဘဝမှာ ဒိုးတစ်ယောက်ထဲကိုပဲ ချစ်ခဲ့တာဆိုတဲ့အကြောင်းပေါ့။

ဟိုရက်က ပိုးသားလဲ မေမေနဲ့စကားပြောကြတယ်ထင်ပါတယ်။ ပိုးသားကိုယ်တိုင် လင်းရိပ်အတွက်ပြောပေးလိုက်တာလဲပါမယ်ထင်တယ်... မေမေက ဘာမှ ကန့်ကွက်တာမရှိဘူး။ ဒိုးသဘောထားကို အလေးအနက်တွေးပေးဖို့လဲ ပြောတာပေါ့။ လင်းရိပ်ကလဲ ဘယ်ရမလဲ.... ဒိုးအချစ်ကို အပိုင်ရပြီဆိုပြီး ကြွားပစ်လိုက်တယ်။

မေမေကိုယ်တိုင်က ဒိုးကိုသိပ်ချစ်တာပဲလေ။
ငြိမ်းကတော့ သူ့မြေးကိုး.... မချစ်ဘဲ ဘယ်နေလိမ့်မလဲ.... ဒေါ်ထက်ထင်လင်းရဲ့အသည်းကျော်​လေးပဲဟာကို။ ဒီအခြေအနေကိုမပြောင်းမလဲရှိ​စေတာအကောင်းဆုံးပဲလို့တွေးတာပေါ့။ ပိုးသားနဲ့သာလက်ထပ်ဖြစ်ရင် ဒိုးက သူ့သမီးကိုဆုံးရှုံးရမှာလားဆိုတဲ့အတွေးနဲ့ နေ့ရက်တိုင်းခက်ခဲစွာဖြတ်ကျော်နေရမှာသေချာတယ်။
.
.
.

ဒိုးကလေးWhere stories live. Discover now