part(57)

32.3K 2.4K 167
                                    

Unicode

ငိုနေရင်းပဲလန့်သွားပြီး လင်းရိပ်ကိုကြည့်တယ်။
မျက်ရည်တွေစိုကပ်နေတဲ့ မျက်တောင်ဖျားလေးတွေကစိုလဲ့ကော့ပျံပြီး တဖြတ်ဖြတ်နဲ့လှုပ်နေတယ်။

မကြည်လင်သေးဘူး။
လင်းရိပ်ကို သူ မကြည်လင်သေးဘူး။
မျက်စောင်းကချီနေသေးတာ။ ဒိုးက သူ့ဆံပင်တွေကိုကိုင်ရင်မကြိုက်ချင်ဘူးရယ်။

"အဲ့လို လုပ်တာတွေ မကြိုက်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ.... ဘယ်နှစ်ခါ ပြောရမှာလဲ..."

ကျောပေါ်ဝဲကျနေတဲ့ဆံပင်တွေကို လင်းရိပ်စု​ပြီးကိုင်လိုက်တယ်.... ဒိုးခေါင်းလေးကို ​ကျော်ပြီးတော့ယူတယ်။ ဒိုးကခေါင်းကို ဘယ်ညာယိမ်းခါပြီးရှောင်တယ်။ ဘယ်ရမလဲ.... ဒီက သိပြီးသား.... ဒိုးကလေးရဲ့ တုံ့ပြန်မှုတွေကိုကြိုတွက်ပြီးသား။

ရင်ဘတ်ရှေ့ကိုပြန်ရောက်လာတဲ့ ဆံနွယ်တွေကို ခေါင်းတိုးပြီးနမ်းပစ်လိုက်တယ်။

အိနေတဲ့ ရင်ဘတ်လေးရဲ့အထိအတွေ့ရော.... အရမ်းကို ကြွေနေရတဲ့ဆံနွယ်လေးတွေရဲ့အထိအတွေ့ရောကြောင့် လင်းရိပ်လက်​တွေက ဒိုးခါးကို ကိုင်ပြီးဆွဲယူလိုက်မိတယ်။ အတောင့်လိုက်လေး ကော့ပြီးပါလာတယ်။

"ဟင့်အင်း ဟင့်အင်း....ဖယ်...ဖယ်...ဖယ်စမ်းပါ....ဖယ်ပါဆိုမှ"

ပြောရင်းရုန်းတယ်။
လင်းရိပ် စိတ်တွေကထိန်းမရတာကြောင့် ရပ်လို့မရဘူး။
ရင်ဘတ်လေးဆီ ခေါင်းတိုးပြီး ဖြစ်ချင်ရာဖြစ် နမ်းနေမိတယ်။

.
.
.

ဒိုးက ကိုယ့်ရင်ဘတ်ထဲထိုးထည့်ထားတဲ့ သူ့ခေါင်းကိုအတင်းတွန်းတယ်....ခွာမသွားဘဲ ပိုပြီးတိုးကပ်လာတယ်။  နာတာပေါ့....သူ ခေါင်းနဲ့ဖိတိုးနေတာကို။
ပြီးတော့.... သူနမ်းနေတာ ဆံပင်တွေမှ မဟုတ်တော့တာ။ ဆံပင်တွေအကြောင်းပြပြီး သူ မလွှတ်ပေးတဲ့အရာက သပ်သပ်ကြီး။

တကယ် အနေရခက်နေတာ....ကျစ်....ခက်လိုက်တာ။
သူ့မျက်နှာ အစိတ်အပိုင်းတိုင်းနဲ့ သူတမင်လိုက်ပြီးပွတ်နေတာပဲ.... တကယ် အဆင်မပြေဘူး။ သူ နှာခေါင်းချွန်ချွန်နဲ့ ပွတ်ဆွဲသွားတိုင်း နောက်ကိုကျုံ့ကျုံ့ဝင်သွားတဲ့ ဒိုးကို သူ့လက်တွေကဖမ်းဆွဲထားတာမို့ ရုန်းလို့မရဘူး။ သူ့လက်တွေကြားမှာ ဒိုးမလှုပ်သာမလူးသာနဲ့ သူနမ်းသမျှကိုငြိမ်ခံနေရသလိုပဲ။

ဒိုးကလေးTempat cerita menjadi hidup. Temukan sekarang