Unicode
ဒီနေ့ မနက်စောစောကပဲအပြင်ထွက်သွားတဲ့ လင်းရိပ်ထင်။
ဒိုးကတော့ သယ်လာတဲ့ပစ္စည်းလေးတွေနေရာချရတယ်။
အပ်ချုပ်စက်က သယ်လာတုန်းက ဖြုတ်ပြီးသယ်လာတာဆိုတော့သေချာပြန်တပ် သန့်ရှင်းရေးလုပ်ရတယ်။သူ့မိန်းကလေးက အိမ်ကိုအလည်လာဦးမှာတဲ့။
သူပြောသလိုပါပဲ....သူ့နောက်လိုက်လာတာမို့ ဧည့်ဝတ်ကျေရမယ်။ ဒီအိမ်ကို အလည်ရောက်လာရင်လဲ ဧည့်ဝတ်ကျေရမယ်.... ဒါပေမဲ့ ဘယ်နေ့လာမယ်ရယ်လို့တော့ သူ မပြောသေးဘူး။ သူကတော့ သူ့မိန်းကလေးလာတဲ့ရက်ကတည်းကအိမ်မှာတွေ့ရတယ်မရှိ။ အလုပ်များနေတဲ့ပုံပါပဲ။တစ်ရက်....
နှစ်ရက်....
သုံးရက်မြောက်နေ့ဖြစ်နေပြီ။
တစ်အိမ်ထဲနေပေမဲ့ လင်းရိပ်ထင်ကိုမတွေ့ရဘူး။
ပြန်ရောအိပ်ရဲ့လားမသိပါဘူး။
သူ....တစ်နေရာရာမှာ......အေးလေ....သူပြောထားပြီးသားပဲဟာ။
ငါစိတ်ပူရမဲ့ကိစ္စမရှိပါဘူး။ မမြင်တော့လဲ တွေးမိသား။
.
.
.သိုးမွှေးထိုးနေတဲ့ ဒိုးအနားမှာ အေးသက်တို့လုစု ဝိုင်းဝိုင်းလည်နေတယ်။ သဘောတွေကျလို့ပေါ့။
အရင်ဆုံးအန်တီ့အတွက် ခြုံပဝါလေးကို နို့နှစ်ရောင်လေးထိုးပေးနေတာ။
ပြီးရင်တော့...အေးသက်တို့အတွက်ပေါ့လေ။
ကိုလင်းထည်အတွက်လဲ လက်ဆောင်တစ်ခုခုထိုးပေးရမယ်။ မာဖလာလေးပဲဖြစ်ဖြစ် အပေါ်ဝတ်အနွေးထည်လေးပဲဖြစ်ဖြစ်ပေါ့။အရင်ကဆို သိုးမွှေးထိုးပြီး မမနဲ့ဗိုလ်ချုပ်စျေးကဆိုင်ကိုပို့ပေးရတယ်။
ဒိုးလက်ရာက အရမ်းလှပြီးသေသပ်တော့ ကြိုက်ကြပါတယ်။ Handmade ဖြစ်နေတော့ အထည်များများကိုမြန်မြန်ထွက်အောင်မလုပ်နိုင်ပေမဲ့ ဗိုလ်ချုပ်စျေးကဆိုင်က စျေးကောင်းပေးဝယ်တယ်။ မမရဲ့သူငယ်ချင်းအစ်မကြီးကတဆင့်မိတ်ဆက်ပေးလို့ ဒိုးတို့ဆက်ပြီးသိုးမွှေးထိုးတဲ့ဝင်ငွေလေးနဲ့ ရပ်တည်နိုင်ခဲ့တာ။ဒိုးက အင်္ကျီကလွဲရင်အားလုံးကို ပုံဖော်ပေးနိုင်တယ်။
အင်္ကျီလဲ ထိုးတတ်ပေမဲ့ စက်ထိုးနဲ့မယှဥ်နိုင်ဘူး။
ဒါကြောင့် ရောင်းတန်းတော့မထိုးဖြစ်ဘူး။
အိမ်မှာတော့ စိတ်ပါရင် ငြိမ်းအတွက်ထိုးပေးတယ်။
ဒိုးအတွက်လဲ ထိုးပြီးဝတ်တတ်ပါတယ်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။