part(88)

28.5K 1.8K 42
                                    

Unicode

ဒိုး အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း အတွေးပေါင်းစုံ ချာလည်မူးနေတယ်။

မမ ရေးခဲ့တဲ့ စာအုပ်လေးကိုလဲ အပြန်ပြန်အလှန်လှန်ဖတ်တယ်။ အဖြစ်မှန်ကို သိလိုက်ရပြန်တော့လဲ မမက သူနဲ့ကိုလင်းရိပ်က ချစ်သူတွေလို့ ရေးခဲ့တာမှ မဟုတ်တာပဲ။ မမက ချစ်တဲ့အကြောင်းပဲ ရေးထားခဲ့တာလေ။
မမက သိပ်ကိုချစ်ခဲ့ရှာတာ။
ကံဆိုးလိုက်တာ မမရယ်... မမကို သနားပြီး ဒိုးမှာ မျက်ရည်မဆည်နိုင်ဘူး။

တကယ်တော့.... မမက ဒီလိုအဖြစ်မျိုးတွေ ကြုံခဲ့ရတာပါလား။ မမက စိတ်ထား တကယ်ဖြူစင်သူပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ယုတ်မာတဲ့အတွေးမရှိခဲ့သူပါ။
ဖြူစင်ရိုးသားပြီး အေးချမ်းသူပါ။
ဆည်းဆာလို လူစားမျိုးကိုတောင် သူ့အပေါ် ဘယ်လောက်နိုင်စားပါစေ ခွင့်လွှတ်ပေးခဲ့သူပါ။

ထားပါတော့လေ.... ကိုကိုနဲ့တွေ့ခဲ့လို့သာပေါ့။
ကိုကို မဟုတ်ခဲ့ရင် ဘယ်လို လုပ်ပါ့မလဲ။
တွေးရင်း ဒိုး ကြောက်ပါကြာက်လာခဲ့တော့သည်။
ရေစက်ရှိလို့...တိုက်ဆိုင်လို့တွေ့ခဲ့ကြတာမှာ ကိုကိုဖြစ်ခဲ့လို့ တော်သေးတာပေါ့။
ကိုကိုလို လူမျိုးဖြစ်ခဲ့လို့သာ တော်သေးတာ မဟုတ်လား။ ပြီးတော့ မမတိတ်တခိုးချစ်နေရတဲ့သူ ဖြစ်ခဲ့ပေလို့ပဲပေါ့။ မဟုတ်ရင်... ဒိုးတော့ ဆက်မတွေးရဲအောင် ကြောက်သည်။

ဆည်းဆာ ကိုမုန်းတယ်.... အရမ်းမုန်းတယ်။
သူ့မိဘစီးပွားကျတာ ဒိုးတို့မောင်နှစ်မအပြစ်လိုလို နှိမ်တာ.... အပြောအဆိုရိုင်းခဲ့တာတွေကို ခုထိမမေ့သေး။
မမက ဒေါ်ရွှေ ရွာပြန်သွားတာနဲ့ အိမ်မှုကိစ္စကို ဒိုင်ခံလုပ်ပေးခဲ့ရတာ။ ဒိုးကသာ မမပင်ပန်းမှာစိုးလို့ ကျောင်းတစ်ဘက်နဲ့ကူခဲ့တာ။
ဆည်းဆာက မမကို အိမ်ဖော်သာသာ ဆက်ဆံခဲ့တာလေ။ မုန်းတယ်....အရမ်းမုန်းတယ်။

မမကို သနားလွန်းလို့ ဒိုး တကယ်ပဲ ဆောက်တည်ရာ
မရပါ။
ပြီးတော့ ကိုကို....ကိုကို့ကို ဒိုး စိတ်ဆိုးနေခဲ့တာလေ။
ကိုကိုက ဒိုးကို စကားကောင်းပြောနေရင်တောင် ဒိုးက ရန်ထောင်နေခဲ့တာ။
ကိုကို က ဒိုးကို ချစ်ပါတယ်လို့ ဘယ်လောက်ပြောပြော ဒိုးက မယုံကြည်ခဲ့ဘူးလေ။
မမချစ်သူပါဆိုပြီး ငြင်းခဲ့တာ။
ကိုကို လဲ သနားပါတယ်။

ဒိုးကလေးWhere stories live. Discover now