part(30)

28.5K 2.4K 81
                                    

Unicode

"ဒိုး.... ဒါက အန်တီ့သား လင်းရိပ်ထင်တဲ့... သား ...ဒိုးတဲ့...ဟောဒါလေးကတော့....ငြိမ်းတဲ့"

မေမေက ငြိမ်းကိုနမ်းလိုက်ရင်းမိတ်ဆက်ပေးသည်။
ငြိမ်းက မေမေ့လည်ပင်းကိုလက်ကလေးနဲ့မမှီမကမ်းဖက်ရင်း ပြန်နမ်းနေသည်။
ဒိုး ဆိုသောတစ်ယောက်က ငေးကြည့်နေသလို... လင်းရိပ်လဲ ကြည့်နေမိသည်။
ဒေါ်ထက်ထင်လင်းရဲ့အသည်းကျော်လေးပါလား။
ဒါကြောင့်...တစ်အိမ်လုံးပျာပျာတောက်နေတာကိုး။
မေမေက ဘယ်ကကလေးမို့လို့ အဲ့လောက်ထိသည်းတာပါလဲ။ မေမေ့အမျိုးမကင်းတာများလား။

ငြိမ်းကလဲ ချစ်စရာကောင်းသည်။
မြင်မြင်ချင်းပင် လင်းရိပ်လဲချစ်မိတာပဲ။
ကလေးကိုက ချစ်မွှေးလေး။
မေမေနဲ့ကျ ဘာမှမပြောဘူး။
ငါ့ကိုတော့ ကလေးမထိနဲ့တဲ့။
ဘယ်လိုလူတန်းစားခွဲခြါးတာပါလိမ့်။

ဒိုးက ဒီတိုင်းပဲထိုင်နေမိသည်။
အန်တီပဲ ကြည့်ပြီးလုပ်သွားပါလိမ့်မည်။
ဒိုးတစ်ခွန်း အန်တီတစ်ခွန်း ပြောလိုက်မှပေါက်ကရဖြစ်သွားမှာစိုးရိမ်သည်။

ဒင်းက အမေတော့ချစ်တတ်ပုံပဲ။
သူ့ကိုယ်လုံးကြီးနဲ့ မှီထိုင်နေတယ်။
အန်တီ့ပုခုံးပေါ် မေးတင်ပြီး ငြိမ်းကိုလက်နဲ့လှမ်းဆွဲ​ပြီးစနေသေးတာ။
အန်တီရှိနေတော့ အတင်းကာရောလဲ မတားဆီးချင်ပါ။
ငြိမ်းပါးကို လှမ်းဖျစ်သည်။ ငြိမ်းလက်တွေကို ဆုပ်ကိုင်ပြီး နမ်းလိုက် သူ့ပါးမှာထိပြီးပွတ်လိုက်နဲ့လုပ်နေသည်။
ငြိမ်းက တစ်ခစ်ခစ်နဲ့ရယ်မောမဆုံး။
အန်တီက ဒိုးကိုကြည့်ပြီးပြုံးပြသည်။
ချော့တဲ့အပြုံးနဲ့ပေါ့....တောင်းပန်နေတာလဲပါတယ်။ ဒိုး ရင်ဘတ်ထဲနင့်နေလို့ အန်တီ့ကို ပြုံးပြတာတောင်မဲ့ပြုံးကြီးဖြစ်နေသလားမသိ။

"ကဲ လင်းရိပ်... ဘယ်လိုဖြစ်ပြီး ချက်ချင်းပြန်လာတာလဲ.. ပြောပါဦး"

"မေမေ့ကို သတိရလို့ပါ...ဆို"

"အင်းပါ...ကိုအချွဲပိုရဲ့....အလုပ်ရော... ချက်ချင်းကူမှာလား"

"အင်း...ကူမယ်လေ...ဒါပေမဲ့ နောက်လထဲ ဧည့်သည်တစ်ယောက်လာမယ်...အဲ့ကျရင်တော့ ခရီးလေး ဘာလေးခဏထွက်ရမယ်"

ဒိုးကလေးWhere stories live. Discover now