Unicode
ဒိုးလဲ တစ်ပတ်လောက်နားပြီးပြီ။
တစ်ပတ်လုံးလုံး မီးဖိုခန်းလဲမဝင်ရဘူး။
ချက်ဖို့ ပြုတ်ဖို့ဆိုတာ ဝေလာဝေးပဲ။ငြိမ်းဆိုတဲ့တစ်ယောက်လဲ ဖမ်းလို့ကိုမမိဘူး။
အချိန်တိုင်း အပြင်မှာပဲ.... ဆိုင်မှာပဲ ငြိမ်းမရှိရင်မဖြစ်သလိုပြောပြီး ဖွားအေက အပါခေါ်ခေါ်သွားတယ်။
ဒါကြောင့် ဒိုးမှာတစ်နေကုန်ပျင်းလို့ပဲ။ အလုပ်လဲမရှိ.... ငြိမ်းလဲမရှိ။
.
.
.ဒီနေ့တော့ ငြိမ်း အိမ်မှာရှိနေတယ်။
ခေါ်သွားမယ်လုပ်နေတာကို ဒီနေ့တော့ ဒိုးနဲ့ ထားခဲ့ပါလို့တောင်းပန်ပြီးခေါ်ထားရတယ်။ဒိုးမှာ အောက်ထပ်ဧည့်ခန်းကနေ သိုးမွှေးထိုးရင်း ပါးစပ်ကနေပဲပြောပြီး ချက်တာပြုတ်ကို အေးသက်ပဲခိုင်းနေရတယ်။
ပန်းပင်တွေစိုက်ဖို့ ဒိုးရှင်းချင်တဲ့နေရာကိုလဲ အလုပ်သမားတွေငှားပြီး ရှင်းပြီးပြီ။ ပန်းပင်ရော စားပင်ရောစိုက်ချင်နေတာ။ ဒိုးတို့ခြံထဲမှာဆို မေမေစိုက်ပျိုးထားခဲ့တဲ့ အပင်တွေ ခုထိရှိတုန်း.... အိမ်ငှားတွေ စားခွင့်ရနေတယ်။
ရေကူးကန်ကိုလဲ တစ်လက်စထဲပြန်ပြင်တယ်။
ငြိမ်းအတွက်တဲ့လေ။ငြိမ်းလဲ မူကြိုတက်ရတော့မှာ.... ငြိမ်းအသက်သုံးနှစ်ခွဲသွားပြီ။
ဒိုး ကတော့ တစ်သက်လုံးကျောင်းစာလုပ်ရတော့မဲ့ ကလေးကို စောစောကြီးကျောင်းမတက်စေချင်သေးပါဘူး။ လေးနှစ်လောက်ရောက်မှပဲ မူကြိုထားချင်တယ်။ ဒါပေမဲ့ ကိုလင်းရိပ်က ငြိမ်းကို ဒီအရွယ်မှာပဲ မူကြိုတက်စေချင်နေပြီ။
ဘာသာစကားလေ့လာတာ သုံးနှစ်ကျော်အရွယ်ကအကောင်းဆုံးပဲတဲ့လေ။ သူ့သမီးအတွက် သူစီစဥ်တာကိုတော့ ဒိုးလဲဘာမှသိပ်ပြီးမချုပ်ချယ်နေတော့ပါဘူး။ သူတို့က ဒိုးထက်ပိုနားလည်ကြတာပဲလေ။
.
.
.တီ.... တီ.... တီ....
ခြံထဲကို မောင်းဝင်လာတဲ့ သူ့ကားကိုမြင်တယ်။"ဒိုး.... "
အနားကိုရောက်လာတဲ့...သူ။
"အင်း...."
"မင်း သိုးမွှေးတွေချည်း စွတ်မထိုးနေနဲ့လေ.... ခေါင်းကိုက်လိမ့်မယ်"
ВЫ ЧИТАЕТЕ
ဒိုးကလေး
Любовные романыနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။