part(64)

32K 2.3K 175
                                    

Unicode

ခေါင်းကိုခါပြန်သည်။ အဆက်မပြတ်ခါသည်။ ငိုနေရင်း မျက်ရည်တွေလွင့်ကျသည်အထိခေါင်းလေးကိုခါသည်။

"မင်း အရမ်း ခေါင်းမာတာပဲ.... အဲ့တော့ မပြန်နဲ့တော့... ထပ်ပြီးအခွင့်အရေးပေးမယ်.... ဒီမှာပဲ ထိုင်နေမလား.... တစ်ညလုံး ကားလျှောက်မောင်းနေမလား.... ပြော"

"အိမ်.... အိမ်ကိုပဲ...."

"ဒါဖြင့်.... ခေါင်းညိ​တ်လေ....ကိုယ်ပြောတာကို အားလုံးသဘောတူပါတယ်လို့ပြောလိုက်.... ခုချက်ချင်း အိမ်ကိုပြန်မယ်"

"အဲ့လိုဆို.... သတ်သာသတ်လိုက်ပါတော့.... မမချစ်သူကိုတော့...."

"ဒိုး.... မင်းမမ ရှိနေသေးလို့လား... မင်းနားမှာ အခုရှိနေတာ ဘယ်သူလဲ... မင်းကို နားလည်အောင်ပြောပြလို့လဲ မရဘူး.... ကိုယ့်ကို ကြမ်းလာအောင်မလုပ်ပါနဲ့ ဒိုးရယ်...ကိုယ် မင်းကို မကြမ်းချင်ဘူး"

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... အိမ်ပြန်မယ်.... အိမ်ပြန်ကြမယ်"

လင်းရိပ်ဆက်ပြီး မပြောတော့ပါ။
ဒီတိုင်းဆို ဒီမှာပဲ ညအိပ်ရတော့မယ်။
ဖြစ်ချင်ရာဖြစ် လျှော့ပေးဖို့လဲစိတ်ကူးမရှိပါ။
ဒိုးကလဲခေါင်းမာစွာငြင်းဆန်နေဆဲ။

ကားကို မောင်းလာတယ်။
နောက်ထပ်တံတားတစ်စင်းကိုကျော်လိုက်တော့ တွံတေးကိုရောက်တော့မယ်။
ဘေးတစ်ဘက်တစ်ချက်ကလယ်ကွင်းတွေကိုမြင်ပြီးမှ လင်းရိပ်ဘက်ကိုလှည့်လာတယ်။ တစ်လမ်းလုံး မှန်ပြင်ကိုကြည့်ပြီးလိုက်လာတာ​လေ...သူ။

"ဒါ အိမ်ကိုလဲ မဟုတ်ဘူး.... ဘယ်ကိုသွားပြန်ပြီလဲ"

"မင်းကို အိမ်ပြန်ပို့ပေးမယ်လို့ ဘယ်သူကပြောလို့လဲ"

"အဟင့်.... ကျွန်တော့်ကို သနားပါဦး...တောင်းပန်ပါတယ်.... တကယ်ကြီးတောင်းပန်ပါတယ်... ငြိမ်းလဲ မျှော်နေတော့မယ်...ကိုလင်းရိပ်ရယ်....အိမ်ကိုပြန်ပို့ပေးပါ"

ဒိုး တကယ်ပဲ ဝမ်းနည်းပြီးစိတ်ညစ်သည်။
ကြိုတင်ပြီးတွေးထားမိတာက ငြိမ်းကို အပိုင်ယူသွားမယ်လို့ပဲလေ.... ငြိမ်းကို ဒိုးနဲ့ခွဲမှာကိုပဲ ကြိုတွေးပြီးသာကြောက်နေမိတာ.... သူဒီလို လုပ်လိမ့်မည်.... သူ ဒီလိုတောင်းဆိုလိမ့်မည်လို့တော့ မတွေးမိခဲ့။
အခုက ဘယ်လိုလုပ်ရတော့မလဲ။
တောင်းပန်တာပဲ လောလောဆယ်တတ်နိုင်သည်။
ထင်မှတ်မထားတဲ့အချိန်မှာ ထင်မှတ်မထားသူဆီက မထင်မှတ်သောစကားကိုကြားပြီး ရင်တုန်ပြီးကြောက်တာပဲသိတော့သည်။
သူတကယ် ပေါ့ပေါ့လေး ချစ်တတ်တာပဲကိုး။

ဒိုးကလေးWhere stories live. Discover now