part(33)

24.5K 2.2K 24
                                    

Unicode

သစ်ပင်ကြီးတစ်ပင်ရှိတယ်...
စိမ်းစိုနေတာတစ်ဖက်...
အကိုင်းခြောက်တွေချည်းပဲ တစ်ဖက်...
ဘယ်လိုသစ်ပင်ကြီးပါလိမ့်...
ကြီးမားပြီး ထူးဆန်းတယ်။
သစ်ပင်ကြီးက ဆွဲညှို့နေတာမို့ ဖြေးဖြေးချင်းလျှောက်သွားမိတယ်။
လျှောက်မိတဲ့ခြေလှမ်းအောက်မှာ နူးညံ့တဲ့မြက်ခင်းတွေပေါက်လာတယ်။
မြေကြီးပြောင်ပြောင်ပဲရှိနေရင်းက ကိုယ်ကခြေတစ်လှမ်း လှမ်းလိုက်ရင်း မြက်ခင်းလေးရောက်လာရင်းနဲ့..
ဆက်ပြီးလျှောက်နေမိတယ်...
သစ်ပင်နားရာက်လာလေ ပန်းရနံ့တွေသင်းပျံ့လာလေပဲ...
ပန်းရနံ့တွေထုံသင်းနေပေမဲ့ အနားမှာပန်းတွေမရှိဘူး...
သေချာကြည့်တော့မှ သစ်ပင်ကြီးကပန်းရနံ့တွေထွက်နေတာ...
သစ်ပင်ကြီးအောက်မှာ ထိုင်နေမိတယ်...
ပတ်ဝန်းကျင်က အရမ်းကို ထူးဆန်းတယ်...
တိတ်ဆိတ်ငြိမ်သက်ပြီး အေးနေတယ်....
ဒါပေမဲ့ စိတ်ကပျော်လာသလိုပဲ...

ဟော...ဟိုမှာ တစ်ယောက်ယောက်လာနေတယ်..
သစ်ပင်ကြီးဆီကို တရွေ့ရွေ့နဲ့ လျှောက်လာတဲ့သူ...
ဆံပင်ရှည်တွေကို စုပြီးစည်းနှောင်ထားတယ်...
ဖြူလွလွခပ်မှိန်မှိန်အဝတ်လေးနဲ့....
လေတိုက်လိုက်တိုင်း ခြေလှမ်းလိုက်တိုင်း ဆံနွယ်တွေယိမ်းသွားသလို...
လံုခြည်စလေးကလဲ တလွင့်လွင့်...
လမ်းလျှောက်ပုံလေးက တငြိမ့်ငြိမ့်...
လှမ်းလာပုံလေးက ယဥ်တယ်...
နီးကပ်လာတော့မှ...သေချာကြည့်မိတယ်
သူကပြုံးပြနေတယ်...
ထပ်ပြီး သေချာကြည့်မိပြန်တယ်....
အမြင်အာရုံက သိပ်ကိုရှင်းလာတယ်...
အရမ်းလဲ နီးကပ်လာပြီ...

"မ မ..."

တုန်ရီမောဟိုက်စွာ ဒိုးခေါ်မိတယ်...

"မမ..."

"မမ..."

ပြုံးကြည့်နေတဲ မမကို အော်ခေါ်ရင်း ပြေးဖက်လိုက်တယ်..
ဒါပေမဲ့ ဗလာကြီး...ဖက်မိတာမရှိဘူး...
ပြုံး​ပြီးကြည့်နေတဲ့ မမက ပျောက်သွားပြီ...
ပတ်ဝန်းကျင်တစ်ခုလုံးကိုလှည့်ပတ်ပြီး ရှာနေမိတယ်..
အော်ခေါ်နေရင်း အသံတွေပျောက်နေပြီ...
ငိုရင်း ပြေးတယ်...
ပြေးရင် အော်တယ်...
အော်ရင် ခေါ်တယ်...
မရှိတော့ဘူး... ရှာလို့မတွေ့တော့ဘူး...
လည်ချောင်းတွေ အက်ကွဲမတတ်အော်နေမိတယ်..

ဒိုးကလေးWhere stories live. Discover now