part(84)

28.8K 1.9K 65
                                    

🍎🍎🍎🍎
အရေးအသားများကို နားလည်ပေးပါ။
အသက်မပြည့်သူများ မဖတ်စေချင်ပါ။
.
.
.

Unicode

လင်းရိပ်က laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတယ်။

ဒိုးက လင်းရိပ်အလုပ်လုပ်တဲ့ဘေးမှာထိုင်ပြီးစိတ်ဝင်တစားကြည့်နေတယ်။

"ဒိုး.... စိတ်ဝင်စားနေတာလား...ဟင်"

"ဟုတ်တယ်.... ကိုကိုဆွဲထားတဲ့ ဒီဇိုင်းကလှတယ်...နော်... ကျောက်တွေထည့်လိုက်ရင် ကြွရွနေမှာပဲ"

"အင်း.... ဒိုးလဲ ပန်းချီဆွဲတတ်တာပဲ.... ဒိုး ဒီဇိုင်းကိုစိတ်ဝင်စားရင်လေ.... သင်ပါလား''

လုပ်လက်စအလုပ်ကိုရပ်ပြီး ဒိုးကိုဆွဲပွေ့တယ်။

"စိတ်တော့ဝင်စားပါတယ်.... ဒါပေမဲ့ ဒိုးက ကျောင်းမတက်ချင်ဘူး....ကိုကို... လူတွေအများကြီးနဲ့ ဒိုးမနေတတ်ဘူး"

"ကိုကိုသင်ပေးလို့ရတယ်လေ.... ပြီးတော့ မငုဝါတို့လဲရှိတာပဲ.... ဒိုး စိတ်ဝင်စားရင်သင်ပေးမယ်.... ဘယ့်နှယ်လဲ"

"နောက်မှပဲ....  ကိုကိုရယ်..... နောက်မှ သင်ပေးပေါ့"

"ဒိုးသာ ကိုကိုနဲ့အလုပ်အတူ လုပ်ပေးရင်ကောင်းမှာပဲ.. သိလား"

"ဘာလို့လဲ ကိုကို.... ပင်ပန်းလို့လား.... ကိုကိုအလုပ်များတာသိပါတယ်....ဒါပေမဲ့..."

"အော်...ကိုကိုတို့က ငယ်ငယ်လေးကတည်းက မြင်လာတဲ့အလုပ်တွေပါ... ပင်ပန်းတယ်တော့မဟုတ်ပါဘူး.... ဒါပေမဲ့ ဒိုး သိတဲ့အတိုင်းပဲ... ယုံကြည်စိတ်ချရတဲ့လူယုံလိုတယ်လေ.... ကိုယ့်မိသားစုများလေ ကောင်းလေပေါ့"

"စက်ရုံမှာ လူယုံဦးလေးတွေရှိသားပဲ... မငုဝါတို့ရောလေ.... ဟုတ်တော့ဟုတ်ပါတယ်... ကိုကိုပြောသလို မိသားစုတွေ ဝိုင်းပြီးလုပ်နိုင်ရင်တော့ပိုကောင်းတာပေါ့"

"ဦးလးတို့က ဆွေမျိုးမကင်းဘူးလေ.... ဖေဖေ့ညီဝမ်းကွဲတွေ.... အသက်ကြီးပြီဆိုတော့ ဦးလေးကလဲ နားချင်တယ်.... မငုဝါတို့လဲ အားကိုးရလို့ပေါ့... မဟုတ်ရင် ဘယ်လွယ်မလဲ"

"အင်း.... ငြိမ်းကျောင်းတက်ရင်တော့ ကိုကို့ကို ကူနိုင်ရင်ကူပါ့မယ်"

ဒိုးကလေးDove le storie prendono vita. Scoprilo ora