Unicode
လင်းထည်က နောက်တစ်နေ့တွင် လင်းရိပ်မသိစေအောင် ထိုဘားကိုသွားခဲ့သည်။ စုံစမ်းသည်။
ထိုဘားက လင်းထည်တို့ လင်းရိပ်တို့သွားနေကျနေရာမဟုတ်တော့ သိတဲ့လူမရှိ။ စားပွဲထိုးလေးတွေကိုသာ မေးရသည်။သို့သော်....စားပွဲထိုးလေးတွေသည်...လင်းရိပ်ကိုမသိကြ။ လူပုံပန်းသဏ္ဍာန်ပြောပြသော်လည်း သူတို့မမှတ်မိကြပါ။
ထိုညက CCTV ကိုကြည့်ခွင့်တောင်းပေမဲ့.... မန်နေဂျာနဲ့စကားပြောပြီးမှ ကြည့်ခွင့်ပေးနိုင်မည်ဟုသာ ပြောကြသည်။နောက်ဆုံး....မေးစရာ တစ်ခုပဲရှိသည်။
ဆည်းဆာဆိုတဲ့ မိန်းကလေးကိုသိသလားလို့... မေးတော့ မဖြေချင်ကြတော့ပါ။လင်းထည်ရိပ်မိသည်။ သူတို့ ဆည်းဆာနှင့်သိကြသည်ပဲ။ ဆည်းဆာက ဘားလိုနေရာမှာ စားပွဲထိုးယောကျားလေး မိန်းကလေးများနှင့် ခင်မင်ရင်းနှီးသည့် အဆင့်ထိရှိသူပါလား။
လင်းထည် နာကျင်စွာပြုံးမိသည်။
ထိုမိန်းကလေးကို သူအမှန်တကယ်ပင်ချစ်ခဲ့မိသည်။
အမှန်တကယ်ချစ်မိသူသည်...မိမိအား မျိုးစုံလှည့်စားမည့်သူဖြစ်နေသည်။
ဒေါသက ရင်ထဲလှိုက်တက်လာသည်။
မခံချင်စိတ်နှင့်နာကျည်းစိတ်က လူတစ်ကိုယ်လုံးကိုဖုံးလွှမ်းသည်။
ယောကျားတစ်ယောက်ရဲ့ မာနကိုအဆုံးစွန်တိုက်ခိုက်ခံရသည်။ တဆစ်ဆစ်နာကျင်မှုကရင်ထဲကို အားကောင်းစွာဝင်ရောက်သည်။လင်းရိပ်ဖြစ်ပျက်ခဲ့သည့်အကြောင်းသည် ဆည်းဆာနှင့်ပတ်သက်ဖို့များသည်။ ဆည်းဆာ လင်းရိပ်ကို အကြံပက်စက်စွာယုတ်မာခဲ့တာမှန်း လင်းထည်သိသည်။ သို့သော် လင်းရိပ်ကိုမပြောပြရဲ.... ကိုယ့်အပြစ်မကင်းသလိုခံစားရတာကြောင့်ဖြစ်သည်။
ပြသနာနောက်တစ်ခုက ဆည်းဆာ စီစဥ်သလိုမဖြစ်ခဲ့တာပဲဖြစ်သည်။
ထိုမိန်းကလေးက ဘယ်သူလဲ...ဘယ်ကလဲ...ဆည်းဆာသိလောက်မည်လား... ဆည်းဆာကိုမေးလျှင်အမှန်အတိုင်းဖြေမည်လား။
ဆက်ပြီးစုံစမ်းစရာတွေက ရှိနေသေးသည်။ထို့အပြင် မိမိတို့ညီအစ်ကိုနှစ်ယောက်အတွက် မွေးနေ့လက်ဆောင်ရထားခဲ့သည့် အဖွားရဲ့အမွေလက်စွပ်သည် ထိုမိန်းကလေးထံတွင်ပါသွားခဲ့ပြီ။
ပုံစံတူ လုပ်ပြီးပြန်ဝတ်ထားရအောင်ကလဲ အဖွားရဲ့လက်ဆောင်က အဖွားကိုယ်တိုင်လုပ်ပေးထားခဲ့ခြင်း။ ပြီးတာ့ ရှေးဟောင်းပစ္စည်းဖြစ်သည်။ ထိုလက်စွပ်တွင်ပါဝင်သောကျောက်ကို ဘယ်မှာရှာလို့မှ ထိုအရည်မျိုး ရစရာအကြောင်းမရှိပါ။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။