Unicode
ကားမောင်းရင်း.... ခိုး ခိုးကြည့်မိသေးတာပါ။
တကယ်ပါ.... သူလေး ဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာမှန်းမသိဘူး။"ရှေ့ကြည့်မောင်းပါလား.... ဘယ်လိုဖြစ်နေပြန်ပြီလဲ"
"အဟားးးး မင်း အရမ်းလှလို့လေ"
"အော်.... ဒုက္ခပါပဲ.... လိုက်လာမိတာမှားပြီလားမသိပါဘူး"
ရယ်နေတယ်.. ပြောရင် ရယ်နေတယ်.. ခံမပြောနားမထောင်... ထင်ရာလုပ်တဲ့ လင်းရိပ်ထင်။
.
.
.ထင်ရှားကျော်ကြားရတနာဆိုင်ဆိုတဲ့ ကြီးမားခန့်ထည်တဲ့ဆိုင်ကြီးရှေ့ကားရပ်လိုက်တယ်ဆိုရင်ပဲ.... ပြေးထွက်လာတဲ့ ကလေးမတွေ... ဒိုး ဘေးက ကားတံခါးကိုလာဖွင့်ပေးတဲ့ လုံခြုံရေးဦးလေးကြီးကြောင့် ဒိုးက အားတွေနာလို့။
ငြိမ်းကတော့.... သူ့ဒယ်ဒီတောင် ချီစရာမလိုတော့ဘူး။ ပါသွားပြီ။
ငြိမ်းက ဒါကြောင့်အိမ်ကပါပါးကိုတောင် ပလစ်တာပဲ။ဆိုင်မှာ သူ့ကိုအကုန်သဲသဲလှုပ်နေကြတာ။အရမ်းကို ကြီးမားခန့်ထည်လွန်းတာမို့.... ဒိုး ငေးနေရတယ်။
အဲ့လောက်ထိ ချမ်းသာတာလား။
မဟုတ်သေးဘူး..... ချမ်းသာတာကိုသိပါတယ်လေ။
ဒါပေမဲ့ ဒီလောက်တောင်ပဲ ချမ်းသာတာလား... ကိုယ်ကပဲ စိတ်မဝင်စားမိတာလား... သေသေချာချာ မတွေးတတ်ပါ။
ရတနာပစ္စည်းတွေ မတွေ့ရသေးပေမဲ့ မြေညီထပ်မှာလူတွေများသည်။
တစ်နေ့ကို ဒီလောက်တောင်ရောင်းရရင် အမြတ်တွေတွက်လို့တောင်နိုင်ပါ့မလားမသိပါဘူး။ ဒါကြောင့် ငြိမ်းက ဆိုင်ကိုသူယူမယ်ပြောနေတာကိုး။ဆိုင်ထဲ ဝင်ဝင်ချင်းမှာပဲ.... လင်းရိပ်က ဒိုးကိုလက်ကမ်းပေးသည်။ ဒိုး ယောင်ပြီး သူ့ကမ်းပေးလာတဲ့ လက်ကိုဆွဲမိလိုက်သည်။
မဆွဲမိရင် ချော်လဲတော့မှာ။ ကြမ်းပြင်ကအစ တဖိတ်ဖိတ်လက်နေတာ။
လူတစ်ယောက်ဝင်လိုက်.... တိုက်လိုက်နဲ့ဆိုတော့ ပြောင်လွန်းမကပြောင်နေတဲ့ကြမ်းပြင်မှာ ချော်လဲရတော့မယ်။ဓာတ်လှေကားနဲ့ အပေါ်ထိတက်လာကြရတယ်။
ဓာတ်လှေကားမှန်ပြင်ကြည်ကြည်ထဲက မြင်လိုက်ရတာမှ ရင်သတ်ရှုမောဖွယ် ပိုကောင်းသေးတာ။
ပထမထပ်ကနေစပြီး.... တစ်ထပ်ချင်းမှာ ရတနာပစ္စည်းတွေကို ဝယ်ယူသူတွေ ရှိနေတယ်။
မြေညီထပ်လောက်တော့ လူမများဘူး... ဒါပေမဲ့ လူတွေက အထပ်တိုင်းမှာများတော့များတယ်။
.
.
.
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။